Stress တွေပိနေတယ်ဆိုတဲ့ အရောင်းသမားတွေအတွက်
January 16, 2021 2021-01-16 15:30Stress တွေပိနေတယ်ဆိုတဲ့ အရောင်းသမားတွေအတွက်
Stress တွေပိနေတယ်ဆိုတဲ့ အရောင်းသမားတွေအတွက်
ဒီတစ်ခါမှာတော့အရောင်းသမားတွေအနေနဲ့ စိတ်ဖိစီးမှုတွေများနေတယ်၊ ရောင်းအားတွေက မတက်လာဘူး၊ ရောင်းအားတွေမတက်တော့ ပိုစိတ်ဖိစီးရတယ်။ ဒီလိုတွေ သံသရာလည်နေတဲ့အခါ ဘယ်လို ဖြေရှင်းကြမလဲဆိုတာနဲ့ပတ်သက်ပြီး အသုံးဝင်မယ့် အခြေခံနည်းလမ်းအချို့ကို မျှဝေပေးသွားချင်ပါတယ်။
သင့်ရဲ့အလုပ်မှာ စိတ်ဖိစီးမှု ကင်းကင်းနဲ့ အလုပ်လုပ်နိုင်စွမ်းတွေတက်ပြီး၊ ရောင်းအားတွေပါတက်ဖို့ ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်ပါ။
၁) တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲအာရုံစိုက်ပါ။
လုပ်စရာတွေများနေတဲ့အခါ လူတွေက အာရုံတွေများနေတတ်ပါတယ်။ ဒီတစ်လတော့ ချမှတ်ထားတဲ့ target ကို မမှီသေးဘူး။ ဟိုလူ့ကို ဖုန်းခေါ်ရတော့မလို၊ ဒီလူ့ကို အီးမေးပို့ရတော့မလို တွေဖြစ်ပြီး ဟိုဟာလုပ်ရတော့မလို၊ ဒီဟာ လုပ်ရမလိုဖြစ်နေတတ်တာပေါ့။ ရလဒ်ကတော့ အလုပ်မပြီးတာတွေ၊ အိမ်မှာပါ လုပ်ရတဲ့အခြေအနေတွေ၊ အလုပ်ကပြီးတယ် အမှားတွေကများနေတာတွေ ဖြစ်တတ်တာပေါ့။ ဒီတော့ သင့်ရဲ့ အချိန်ရယ်၊ လုပ်ရမယ့် တာဝန်တွေရယ်ကို သေချာစီမံခန့်ခွဲပြီး တစ်ကြိမ်မှာ အလုပ်တစ်ခုကို သေချာ အာရုံစိုက်ဖို့လိုပါမယ်။ ဒါမှသာ အမှားနည်းပြီးလုပ်သလောက် အကျိုးရှိမှာဖြစ်ပါတယ်။
၂) သင့်ဝယ်သူက သင့်ဆီကမဝယ်ဘူးငြင်းသွားတိုင်း စိတ်ဓါတ်မကျပါနဲ့။
ငြင်းခံရတဲ့အခါတိုင်း ပြန်သုံးသပ်ဖို့ အချိန်တစ်ခု ဖန်တီးထားပါ။ ဝယ်သူတစ်ယောက် ကငြင်းသွားတယ်။ ဒါကို မှတ်ထားမယ်။ နောက်တစ်ယောက်၊ နောက်တစ်ယောက်။ အဲ့လို ငြင်းသွားတဲ့လူတိုင်းနဲ့ပြောထားတဲ့ စကားပြော (conversation) တွေအကုန်လုံးကို မှတ်ထားပါ။ ပြီးရင် အချိန်တစ်ခု ပေးပြီး သူတို့ ဘယ်နေရာမှာငြင်းသွားလဲ၊ သင့်ဘက်က ဘာပြန်ပြောသင့်ခဲ့တာလဲ။ ပြန်စဉ်းစားပါ။ ဒီလို လုပ်ခြင်းအားဖြင့် နောက်ကြုံလာခဲ့တဲ့ အခါ သင့်ဘက်က ဝယ်သူတွေငြင်းလာပြီဆိုတာနဲ့ ဖြေရှင်းဖို့နည်းလမ်းရှိနေပြီး အောင်မြင်တဲ့ အရောင်းတွေဖြစ်မှာပေါ့။
၃) ကိုယ့်ရဲ့အလုပ်နဲ့ personal life ကိုမရောမိအောင် ကြိုးစားပါ။
အိမ်မှာအဆင်ပြေတာကို အိမ်မှာပဲထားခဲ့ပါ။ အလုပ်က အဆင်မပြေတာကိုလည်းအိမ်ကို မသယ်သွားပါနဲ့။ အဆင်မပြေတာများလာတော့ အတွေးတွေများမယ်။ အိမ်မပျော်တာတွေဖြစ်တော့ လူကမလန်းဆန်းတော့ဘူး။ ဒီလိုတွေ သံသရာလည်နေတတ်ပါတယ်။ ဒီတော့အတတ်နိုင်ဆုံး စိတ်ကိုရှင်းအောင်ထားပါ။ အလုပ်ချိန်မှာ သင့်ရဲ့အလုပ်ကိုပဲအာရုံစိုက်ပါ။
ဒီလိုအခြေခံ ကျတဲ့ နည်းလမ်းတွေကိုသုံးပြီး သင့်ရဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းကြည့်ပါ။ ရလဒ်တစ်ခု ရလာပါလိမ့်မယ်။