Social Media မှာ ပို့စ်တင်တဲ့ အခါ ဘာတွေကိုသတိထားရမလဲ?
January 16, 2021 2021-01-16 17:10Social Media မှာ ပို့စ်တင်တဲ့ အခါ ဘာတွေကိုသတိထားရမလဲ?
Social Media မှာ ပို့စ်တင်တဲ့ အခါ ဘာတွေကိုသတိထားရမလဲ?
ဒီတစ်ခေါက်မှာတော့ Social Media Branding Strategies အကြောင်းအသေးစိတ်မပြောခင် social media သုံးနေတဲ့ လုပ်ငန်းတိုင်းသတိထား၊ လိုက်နာရမယ့်အချက်တွေအကြောင်း အရင်ပြောပြပေးချင်ပါတယ်။ Branding Strategies ကတော့ တကယ်တမ်းလေ့လာမယ်ဆိုရင် အရမ်းကျယ်ပြန့်ပါတယ်။
ဒါပေမယ့် အသေးစားလုပ်ငန်းပဲ ဖြစ်ဖြစ်၊ အလတ်စားလုပ်ငန်းပဲ ဖြစ်ဖြစ် နောက်ဆုံး online business လုပ်နေတဲ့ သူတွေတောင် ဒီအချက်တွေကို သတိထားပြီး ပြင်ဆင်မယ်ဆိုရင် အနည်းဆုံးသင့်ရဲ့ Brand ကို ၀ယ်သူ၊ ဖောက်သည်တွေရဲ့ သတိထားမှုကို ရနိုင်မှာပါ။
ဒီအချက်တွေကို သတိထားပြီး ပြင်ဆင်သွားမယ်ဆိုရင်လည်း သင့်လုပ်ငန်းအတွက် သုံးနိုင်မယ့် “Social Media Guideline” တစ်ခုရသွားမှာ ဖြစ်ပါတယ်။
၁) တန်ဖိုး (Brand Value)
ဘာမှမလုပ်ခင် ကြိုစဥ်းစားရမှာကတော့ မိတ်ဆွေတို့ လုပ်ငန်းက ဘယ်အရာတွေကိုတန်ဖိုးထားလဲ။ သင့်လုပ်ငန်းကနေရော ၀ယ်သူ၊ ဖောက်သည် စားသုံးသူအတွက် ဘယ်လို တန်ဖိုး၊ value တွေကိုပေးနိုင်မလဲဆိုတာကို အရင်ဆုံးရှင်းလင်းပြတ်သားအောင်လုပ်ပါ။
ဒါမှ ကိုယ်တင်သမျှ post တွေ၊ communication တွေ စတဲ့ အရာအားလုံးက ကိုယ့်တန်ဖိုးထားမှု (Values) နဲ့ ကိုက်ညီနေမှာဖြစ်ပါတယ်။
၂) အမြင် (Visual Identity)
ဒုတိယ အချက်က visual identity ပါ။ သင့် page မှာတင်သမျှ ပုံ၊ design၊ videos တွေမှန်သမျှက visual identity တွေပါ။
ဥပမာပြောရရင် သင့်ရဲ့ logo အရောင်၊ သင့်လုပ်ငန်းရဲ့ social media design ပိုင်းမှာသုံးတဲ့ အရောင် (primary color, secondary color) စတာတွေကို သေချာရွေးပြီး တစိုက်မတ်မတ်သုံးသင့်ပါတယ်။ ဒါမှ သင့်၀ယ်သူ၊ ဖောက်သည်တွေက သင့်လုပ်ငန်း Brand နဲ့ သင့်ရဲ့ visual identity ကို တွဲပြီးမှတ်မိနေမှာဖြစ်ပါတယ်။
၃) အကြား (Audio Identity)
နောက်တစ်ခုက အသံပါ။ 87.9 မန္တလေး FM Radio တို့၊ Telenor က ringtone ဆိုတာတွေ ကို တော်တော်များများကြားဖူးကြမယ် ထင်ပါတယ်။ ဒါတွေက Brand တစ်ခုရဲ့ Audio Identity ပါ။
အခုဆိုရင် social media design ပိုင်းမှာ motion videos၊ Live videos တွေက အများကြီး အသုံးပြုလာတာ တွေ့ရတာမှာပါ။ သင့်ရဲ့ Brand မှာ ဒီလို Live vidoes တွေ၊ motion videos တွေ သုံးမယ်ဆိုရင်လည်း သင့်လုပ်ငန်းနဲ့ ကိုက်ညီပြီး သင်ကိုယ်တိုင် တစိုက်မတ်မတ်သုံးမယ့် Brand အသံ တစ်ခုကို ရွေးချယ်ထားဖို့ လိုပါတယ်။
၄) အပြော (Brand Communication Voice)
Social media မှာ ပိုစ်တင်တဲ့ အခါ သင့်ရဲ့ စာအရေးအသား၊ စကားလုံးအသုံးအနှုန်းက သင့်ရဲ့ အပြောပါပဲ။ ဒီနေရာမှာ ငါတို့ကတော့ ငါတို့၀ယ်သူကို ရင်းရင်းနှီးနှီး နဲ့ communicate လုပ်မယ်။ ဒါမှမဟုတ် လေးလေးစားစားနဲ့ communicate လုပ်မလား။ ပရော်ဖက်ရှင်နယ် ဆန်ဆန် communicate လုပ်နိုင်မလား စဥ်းစားထားဖို့ လိုပါတယ်။
ဒါမှပဲ သင့်ရဲ့ ၀ယ်သူတွေ ကို ပြောတဲ့ အသုံးအနှုန်းတွေက သင့် Brand ကို ၀ယ်သူတွေနဲ့ ပိုပြီးရင်းနှီးစေနိုင်မှာဖြစ်ပါတယ်။
ဒီအရာတွေကိုသာ သေချာသတိထားပြီး တစ်စိုက်မတ်မတ်လုပ်မယ်ဆိုရင် သင့်ရဲ့ Brand ကို သင့်၀ယ်သူတွေက တဖြည်းဖြည်းနဲ့ သတိထားမိလာမှာပါ။
နောက်လာမယ့် ပိုစ်တွေမှာ Brand Identity နဲ့ ပတ်သတ်တဲ့ ပိုစ်တွေရေးသွားပေးပါမယ်။ မိတ်ဆွေတို့ အတွက် အသုံး၀င်ရင် အခြားလူတွေအတွက်လည်း သတိထားမိပြီး လက်တွေ့အသုံးချနိုင်အောင် share ပေးနိုင်ပါတယ်။