Marketing 1.0 to 5.0
August 17, 2020 2020-08-17 10:33Marketing 1.0 to 5.0
ကျွန်တော်တို့ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ မားကတ်တင်းမှာဆိုရင်လည်း အဆင့်ဆင့် ပြောင်းလဲလာပါတယ်။ အဲ့ဒီလိုပြောင်းလဲလာတဲ့ အဆင့်တွေကို ခွဲပြီးတော့ ကျွန်တော်တို့က Marketing 1.0၊ 2.0၊ 3.0၊ 4.0 အစရှိသဖြင့်ခွဲထားကြပါတယ်။ ပြောင်းလဲလာတဲ့ မားကတ်တင်း အဆင့်တွေကိုလည်း ကျွန်တော်တို့က သေချာသိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ မားကတ်တင်းလုပ်တဲ့အခါ Customer တွေ Trend တွေ ဘယ်လိုပြောင်းလဲလာသလဲ သေချာသိထားတဲ့အတွက် ကိုယ့်လုပ်ငန်းအတွက် အကျိုးများမယ့် မားကတ်တင်းကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ Post မှာတော့ ကျွန်တော်က ပြောင်းလဲလာတဲ့ မားကတ်တင်း အဆင့်တွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
Marketing 1.0
Marketing 1.0 ကိုတော့ ကျွန်တော်တို့ က Product Centric Marketing လို့ခေါ်ကြပါတယ်။ အရင်ခေတ်တုန်းကဆိုရင် စက်မှုလုပ်ငန်းတွေ နည်းပညာတွေ အခုခေတ်လောက် မထွန်းကားသေးတဲ့အတွက် ကြောင့် ထုတ်နိုင်တဲ့ ကုန်ပစ္စည်းအရေအတွက်က နည်းပါတယ်။ အရေအတွက်နည်းပေမယ့် Customer ဘက်မှာတော့ ဝယ်လိုအားများပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ကောင်းမွန်တဲ့ Quality တစ်ခုနဲ့ များများထုတ်နိုင်ရင် ထုတ်နိုင်သလောက် Customer တွေကဝယ်ကြပါတယ်။ ကုန်ပစ္စည်းကို ပဲ အဓိကဦးတည်ပြီး စဉ်းစားတဲ့ မားကတ်တင်းမို့လို့ Marketing 1.0 ကိုတော့ Product Centric Marketing လို့ခေါ်တာဖြစ်ပါတယ်။
ကျွန်တော်တို့က Marketing 1.0 ဆိုရင် Ford ကားကုမ္ပဏီ နဲ့အမြဲ ဥပမာပေးပြီးပြောလေ့ရှိပါတယ်။ အရင်တုန်း အမေရိကန်မှာ ကားတွေအများကြီး ထုတ်နိုင်တဲ့သူဟာမရှိသေးပါဘူး။ အဲ့အချိန်မှာ Ford ကုမ္ပဏီကိုတည်ထောင်သူ Henry Ford ကကားတွေကို အရည်သွေးကောင်းကောင်းနဲ့ များများ ထုတ်နိုင်ခဲ့တဲ့အတွက် Product ကို ကောင်းကောင်းနဲ့ များများထုတ်နိုင်ခဲ့တဲ့ အတွက် Ford ကားကုမ္ပဏီမှာ အဲ့ဒီခေတ်မှာ အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပါတယ်။
Marketing 2.0
Marketing 2.0 ကိုတော့ ကျွန်တော်တို့က Consumer Centric Marketing လို့ခေါ်ကြပါတယ်။ ဒီခေတ်မှာတော့ Marketing 1.0 ခေတ်ကကထက် စက်မှုလုပ်ငန်းတွေ နည်းပညာတွေစပြီး တိုးတက်လာတဲ့ အတွက်ကြောင့်မို့လို့ ကုန်ပစ္စည်းကို အများကြီးထုတ်နိုင်တဲ့သူဟာ တစ်ယောက်ထက်မကရှိလာပါပြီ။ ဒီအချိန်မှာဆိုရင်တော့ Customer တွေဘက်ကလည်း ရွေးချယ်စရာတွေများလာတဲ့အတွက် သူတို့နဲ့ ကိုက်တဲ့ ကုန်ပစ္စည်းကို ရွေးဝယ်တာမျိုးလုပ်လာကြပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရောင်းတဲ့သူတွေဘက်ကလည်း ဝယ်သူစိတ်ကြိုက်ကိုစဉ်းစားပြီးတော့ ကုန်ပစ္စည်းတွေကို ထုတ်လာရပါတယ်။ အဲ့ဒီလို စားသုံးသူတွေကို အဓိကထားပြီး စဉ်းစားလာရတဲ့အတွက် Marketing 2.0 ကိုကျွန်တော်တို့က Consumer Centric Marketing လို့ခေါ်တာဖြစ်ပါတယ်။
Marketing 3.0
Marketing 3.0 ကိုတော့ ကျွန်တော်တို့က Purpose Centric Marketing လို့ခေါ်ပါတယ်။ တချို့ကလည်း Value Driven Marketing လို့ခေါ်ကြပါသေးတယ်။ ဒီMarketing ခေတ်မှာဆိုရင်တော့ ကိုယ်နဲ့ အပြိုင်လိုက်ထုတ်နိုင်တဲ့ ပြိုင်ဘက်တွေလည်း များလာပြီ။ ပြီးတော့ Customer တွေဘက်ကလည်း ရွေးချယ်ခွင့်ရှိလာပြီဆိုတော့ ကိုယ်က ပြိုင်ဘက်တွေကြားထဲကနေ ကွဲထွက်နေအောင် စဉ်းစားလာရပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က Community ကောင်းမွန်ရေးကို ဦးစားပေးပြီးတော့ Marketing ကိုလုပ်လာကြပါတယ်။
ကျွန်တော်တို့ ကုန်ပစ္စည်းကို ဝယ်ရင်တော့ ဘယ်အဖွဲ့အစည်းကို ဘယ်လောက်ပြန်လှူဒါန်းပါ့မယ်။ ဘယ်နေရာတွေကို သွားပြီး အကူအညီပေးနေပါတယ်။ အစရှိသဖြင့် ကျွန်တော်တို့က Customer ကိုပြန်ပြီးတော့ Marketing လုပ်လာကြပါတယ်။ ပြောရမယ်ဆိုရင် Corporate Social Responsibility ဆိုတဲ့ CSR Activities တွေနဲ့ မားကတ်တင်းလုပ်လာကြတာကို Marketing 3.0 လို့ ကျွန်တော်တို့ သတ်မှတ်လို့ရပါတယ်။
Marketing 4.0
Marketing 4.0 ဆိုတာကတော့ ကျွန်တော်တို့ အခုပြောနေတဲ့ကြတဲ့ Digital Marketing ကိုပြောတာပဲဖြစ်ပါတယ်။ Customer Data တွေနဲ့ အပြိုင်အဆိုင် Target တွေချ မားကတ်တင်းလုပ်နေတဲ့ ခေတ်ကိုတော့ ကျွန်တော်တို့ က Marketing 4.0 လို့သတ်မှတ်ထားပါတယ်။အပြိုင်အဆိုင်ကလည်း ပိုများလာတဲ့ ခေတ်မှတော့ Digital Marketing ကအရေးပါလာပါတယ်။
ဒီ မားကတ်တင်းခေတ်မှာတော့ Data ရှိတဲ့သူကပိုပြီးတော့ အားသာပါတယ်။ အခုလို အရင်ကထက်ပိုပြီးတော့ အပြိုင်အဆိုင်တွေများလာတဲ့ ခေတ်ကြီးထဲမှာ ကိုယ်ရဲ့ ကုန်ပစ္စည်းကို ကိုယ်ရောင်းချင်တဲ့ Customer ဆီကိုရောက်ဖို့က Customer Data တွေနဲ့ အတူတူ မှန်ကန်တဲ့ Targeting လုပ်နိုင်မှအဆင်ပြေမှာပါ။ Customer Journey Map တစ်လျှောက်လုံးမှာလည်း ကိုယ့်ရဲ့ Content တွေနဲ့ Strategy တွေနဲ့ Nurturing လုပ်ရင်းနဲ့ မားကတ်တင်းလုပ်တာကို ကျွန်တော်တို့ Marketing 4.0 လို့ ကျွန်တော်တို့ သတ်မှတ်ထားကြပါတယ်။
ဒီလောက်ဆိုရင်တော့ Marketing အဆင့်တွေနဲ့ သူတို့ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို နားလည်သွားမယ်လို့ထင်ပါတယ်။ ကိုယ့်ရဲ့ Product အနေနဲ့လည်း ဘယ်အဆင့်ကိုရောက်နေလည်းဆိုတာကို ပြန်ချိန်ညှိပြီး မှန်ကုန်တဲ့ Marketing Strategy တွေကိုချမှတ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။
Marketing 5.0
Sharing marketing ဆိုပြီးနောက်ပိုင်းမှာ ဖြစ်လာဖို့ ရှိတယ်လို့ Philip Kotler က ပြောထားပါသေးတယ်။ လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ လူတွေ၊ ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူတွေကို ကိုယ့်လုပ်ငန်းရဲ့ အကျိုးအမြတ်ကို ခွဲဝေခံစားခွင့်ပေးရင်းနဲ့ အောင်မြင်အောင် လုပ်ကြမယ့် ပုံစံမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ သင်ရော ဘယ်လိုမြင်ပါသလဲ။
နောက်ဆိုရင်လည်း Sales and Marketing နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ပေးနေမှာမို့လို့ ကျွန်တော်တို့ Page ကို Like and See First လေးလုပ်ထားပါဦး။
#BetterVersion #MakeYourProgress #Marketing