Blog

Introverts နဲ့ Extroverts အရောင်းပိုင်းမှာ ဘာအားသာချက်တွေရှိကြလဲ။

Introverts and extroverts in sales
Sales

Introverts နဲ့ Extroverts အရောင်းပိုင်းမှာ ဘာအားသာချက်တွေရှိကြလဲ။

ဆိုရှယ်မီဒီယာမှာ ကျွန်တော်၊ ကျွန်မတို့ကတော့ Introverts လေးတွေပါဆိုပြီး ရှယ်ကြပြောကြတာ တွေ့တော့ အရောင်းပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုလူမျိုးတွေက ပိုပြီး ရလာဒ်ကောင်းလေး တွေရလေ့ ရှိကြသလဲဆိုတာလေး တွေးကြည့်တာပေါ့။

ဘယ်လို Personality Types ဖြစ်ဖြစ်၊ အရောင်းပိုင်းမှာ ထူးချွန်နိုင်တဲ့ အလားအလာတွေတော့ ရှိပါတယ်။ 

အရောင်းသမားတွေအနေနဲ့ Personality Types လေးတွေကို နားလည်ထားခြင်းဟာ ဝယ်သူနဲ့တွေ့တဲ့အခါမှာ ကိုယ်ပုံစံကို ပြောင်းလဲပြီး ရောင်းချတတ်ခြင်းဟာ အရောင်းသမားတိုင်းမှာ ရှိသင့်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ 

ဒါဆိုရင် Introverts တွေနဲ့ Extroverts တွေ ဘာတွေကွာခြားသလဲ။ 

Extroverts တွေက လူမှုဆက်ဆံရေး၊ ပေါင်းသင်ဆက်ဆံရေးလုပ်ရတာမျိုးကို သဘောကျလေ့ရှိတယ်။ စကားများများပြောတတ်လေ့ရှိပြီးတော့ မိတ်ဆွေသူငယ်ချင်းလဲ များများထားလေ့ရှိကြတယ်။ 

Introverts တွေက ကိုယ့်ဘာသာ အေးအေးဆေးဆေး တစ်ယောက်တည်း နေရတာမျိုးကြိုက်တယ်။ သူငယ်ချင်းများများစားစားလဲ ထားလေ့မရှိဘဲနဲ့ အရမ်းရင်းရင်းနှီးနှီး ဖြစ်တဲ့ သူငယ်ချင်း အနည်းငယ်သာ ရှိကြတယ်။ စကားနည်းလေ့ရှိတယ်။ နားထောင်တာ များတယ်။ 

 

အရောင်းသမားရာထူးများကို ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် Extorverts တွေကို ပိုပြီး ကိုက်ညီတဲ့ ပုံစံဖြစ်ပေမယ့် Introverts တွေက ရောင်းအားပိုကောင်းနေတာလဲ တွေ့ရပါတယ်။ ကျွန်တော်တို့ ရုံးမှာလဲ ပြန်ကြည့်လိုက်ရင် ရောင်းအားကောင်းတဲ့ အရောင်းသမားတွေဟာ Introverts ပုံစံလေးတွေ ဖြစ်နေတာ တွေ့ရတယ်ဗျာ။ 

နားထောင်တဲ့ ဘက်ကို အားသာတဲ့ Introverts တွေရဲ့ အမူအကျင့်ဟာ အရောင်းသမားတိုင်းမှာ ရှိသင့်တဲ့ Listening skills ကိုအလိုလျောက် ရှိနေပြီးသား ဖြစ်နေတဲ့ သဘောပါဘဲ။ 

ကိုယ်က Extorverts ပုံစံဖြစ်နေတယ်ဆိုတော့ နောက်ပိုင်းမှာ ဝယ်သူပြောတာကို များများနားထောင်ဖို့ သတိထားဖို့ လိုပါတယ်။ ဒါဆိုရင် Extroverts ဖြစ်နေတဲ့အတွက် တင်ပြပြောဆိုတာမျိုးကို ကောင်းကောင်းလုပ်တတ်တဲ့ ဘဘောရှိပြီးသား ဖြစ်တဲ့အတွက် ရလာဒ်ကောင်းလာနိုင်ပါတယ်။ 

အရောင်းသမားကောင်း ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ ဖြစ်တဲ့ Listening Skills, Rapport Building နဲ့ ပတ်သက်ရင် 

Introverts တွေက Listening Skills မှာ အားသာတတ်ကြပြီး Extorverts တွေကတော့ ဝယ်သူနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်တဲ့ နေရာမှာ အားသာတတ်ကြပါတယ်။ 

Introverts ဖြစ်နေတယ် ဆိုရင်တော့ ဝယ်သူနဲ့ စကားပြောတဲ့အခါမှာ body lanuage ကို သတိထားတတ်ဖို့၊ နောက် Eye contact လုပ်ဖို့ စသည်ဖြင့် သတိထားတတ်ဖို့ လိုပါတယ်။ 

Introverts နဲ့ Extroverts ရယ်လို ပြောတဲ့အခါမှာ အစွန်းနှစ်ဖက်ဖြစ်နေတဲ့ သဘောပါဘဲ။ တကယ်တော့ အရောင်းသမားကောင်းတိုင်းဟာ ကိုယ့် Persnality Types နဲ့ ဝယ်သူရဲ့ Personality Types ပေါ်မှာ မူတည်ပြီး အပြောင်းအလဲ လုပ်နိုင်စွမ်းရှိခြင်းဟာ ရောင်းအားတက်လာစေမှာ ဖြစ်ပါတယ်။ 

Better Salesman သင်တန်းမှာတော့ Personlity Types ကို သင်ခန်းတစ်ခု အနေနဲ့ သင်ပါတယ်။ 

သင်ကော Introverts လား။ Extroverts လား။ ကွန်မန့်ပေးခဲ့ပါအုန်း။ 

Comment (1)

  1. Avatar
    Zarphyupwint

    I am extrovert type

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping