Effective Ways to Motivate Your Sales Team Members
June 18, 2020 2020-06-18 11:15Effective Ways to Motivate Your Sales Team Members
ရောင်းအားတက်ချင်တယ်။ အောင်မြင်တဲ့ အရောင်းအဖွဲ့တစ်ခု ဖန်တီးချင်တယ်ဆိုရင် ကိုယ့်အရောင်းသမားတွေက ဘယ်လိုစိတ်ခွန်အားတွေ၊ motivation တွေပေးမလဲဆိုတာက တကယ်ကိုအရေးကြီးပါတယ်။
ကျွန်တော့်ပတ်၀န်းကျင်မှာ ခဏခဏကြားဖူးပါတယ်။ အရောင်းသမားတွေ ခဏခဏအလုပ်ထွက်တယ်၊ စိတ်အားထက်သန်မှု မရှိဘူး။ လွယ်လွယ်ပြောရင် motivation ကျတယ်ဆိုတာမျိုးတွေပေါ့။
ဟုတ်ပါတယ်။ အရောင်းသမားတွေ motivation မရှိရင် အရောင်းအဖွဲ့တင်မဟုတ်ဘူး၊ ကုမ္ပဏီတစ်ခုလုံးပါ ထိခိုက်ပါတယ်။ အဲ့တော့ ကျွန်တော်တို့က အရောင်းသမားတွေ အမြဲ motivate ဖြစ်နေအောင် စိတ်အားထက်သန်နေအောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုနည်းတွေ သုံးရမလဲဆိုတာ စဥ်းစားရပါတော့မယ်။
ကဲ… အဲ့ဒီတော့ အရောင်းသမားတွေ ကိုဘယ်နည်းတွေက motivate ဖြစ်စေလဲဆိုတာလေ့လာကြည့်ရအောင်။
၁) စိန်ခေါ်မှုအသစ်များ (New Challenges)
လူတိုင်းက အသစ်အဆန်းကို လုပ်ရတာကြိုက်တယ်၊ စိန်ခါ်မှုအသစ်တွေကိုနှစ်သက်တယ်။ ပြောရရင် အမြဲတမ်း ဒီအတိုင်းကြီးပဲဆိုရင် ပျင်းလာတတ်တာမျိုးပေါ့။ ကိုယ့်အဖွဲ့ထဲမှာ ဘယ်သူကတော့ အသစ်သစ်တွေ၊ စိန်ခေါ်မှုအသစ် တွေကိုနှစ်သက်လည်းဆိုတာတော့ အရောင်းမန်နေဂျာတွေက မဖြစ်မနေ သိကိုသိရပါမယ်။ ဒါဆိုရင် မန်နေဂျာတွေက သူတို့တွေကို စိန်ခေါ်မှုအသစ်အသစ်ကလေးတွေ ဖန်တီးပေးထားမျိုး၊ Challenging ဖြစ်မယ့် အရောင်း Target လေးတွေပြောင်းပေးတာမျိုးလုပ်ပေးမယ် ဆိုရင် အရောင်းသမားတွေက စိတ်အားထက်သန်ပြီး motivate ဖြစ်လာကြမှာပါ။
၂) မှန်ကန်တဲ့ အရောင်းသတ်မှတ်ချက် (Right Sales Targeting)
တစ်ချို့အရောင်းသမားတွေက အရောင်း target တွေဟာ ပျင်းစရာကောင်းလို့ စိတ်ဓါတ်ကျသလို အချို့တွေကတော့ target တွေအရမ်းမြင့်လွန်းလို့ မရောင်းနိုင်တော့ စိတ်ဓါတ်ကျပြီး အလုပ်ထွက်ကြတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့တွေဟာ လူတွေပေါ်မူတည်ပြီး မှန်ကန်တဲ့ အရောင်းTarget တွေချမှတ်ပေးဖို့လိုအပ်ပါတယ်။
အဲ့ဒါမှ အရောင်းသမားတွေလည်း ငါတို့လုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုတွေရပြီး တက်တက်ကြွကြွအလုပ်လုပ်ကြမှာပါ။
၃) တိုးတက်ရေး (Personal Development)
ကျွန်တော်တို့က စစ်တိုက်ခိုင်းမယ်ဆိုရင် ကိုယ့်ရဲ့ စစ်သူကြီးတွေကို လက်နက်နဲ့ ချပ်၀တ်တန်ဆာတော့ပေးရမှာပဲ။
ဒါကိုနားလည်ဖို့လိုပါတယ်။ ဥပမာ ကိုယ်ကလည်း သူ့ကို မှန်ကန်တဲ့ စိန်ခေါ်မှုအသစ်တွေပေးထားတယ်၊ သူကလည်းကြိုးစားချင်စိတ်ရှိတယ်။ ဒါပေမယ့်ကျွန်တော်တို့က လုံလောက်တဲ့ လမ်းညွှန်မှုမရှိဘူး၊ သူ့အတွက် လေ့လာသင်ယူခွင့်မပေးဘူးဆိုရင် ဘယ်လိုမှအဆင်ပြေလာမှာမဟုတ်ပါဘူး။ အရောင်းသမားဆိုလည်း လုံလောက်တဲ့ အရောင်းသင်တန်းပေးဖို့ လိုတယ်။ အရောင်းမန်နေဂျာဆိုလည်း တိုးတက်ဖို့အတွက် သင်ယူခွင့် တွေဖန်တီးပေးဖို့လိုပါတယ်။ အောင်မြင်နေတဲ့ လုပ်ငန်းတွေကိုကြည့်လိုက်ရင် ၀န်ထမ်းတွေက
အမြဲသင်ယူခွင့်တွေရတယ်၊ သင်ယူနေကြတယ်။ အဲ့ဒီအတွက် ၀န်ထမ်းတွေတိုးတက်လာတော့ လုပ်ငန်းလည်း အလိုလိုတိုးတက်လာတာပေါ့။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့ဗျာ။
၄) အကျိုးခံစားခွင့် (Incentive)
ကိုယ်ကြိုးစားရင် ကြိုးစားသလောက်အကျိုးခံစားခွင့်ရမယ်ဆိုရင် လူတော်တော်များများကစိတ်၀င်စားကြပါတယ်။ စိတ်အားလည်းထက်သန်ကြပါတယ်။ အကျိုးခံစားခွင့်လို့ပြောရင် ငွေကြေး တစ်ခုတည်းမဟုတ်ပါဘူး။ အကျိုးခံစားခွင့်လို့ပြောရင် လစာအပြင် အခြားခံစားခွင့်တွေပါပါတယ်
ဥပမာဆိုရင် ဘယ်လောက်ဖိုးရောင်းရရင်တော့ ဘယ်ခရီးသွားခွင့်ရှိမယ်၊ ဘယ်လောက် ကော်မရှင်ခံစားခွင့်ရှိမယ်၊ ဘယ်လောက်ဆိုရင်တော့ MBA တက်ခွင့်ရှိမယ်ဆိုတာမျိုးပေါ့။ ဒါဥပမာပေးတာပါ။ ကိုယ့်လုပ်ငန်းပေါ်မူတည်ပြီး ပေးလို့ရတဲ့အကျိုးခံစားခွင့်တွေစဥ်းစားကြည့်ပြီး အဲ့လိုအကျိုးခံစားခွင့်ပေးမယ်ဆိုရင် ကိုယ့်အရောင်းသမားတွေက ပျော်ပျော်ကြီး motivate ဖြစ်ပြီး ရောင်းအားတက်အောင်ကြိုးစားကြပါလိမ့်မယ်။
၅) ရာထူးတိုးခြင်းနဲ့ လုပ်ပိုင်ခွင့် (Promotion & Authority)
တစ်ခါတလေ အချို့ အရောင်းသမားတွေဟာ လစာ၊အကျိုးခံစားခွင့်တွေထက် သူတို့ကအဖွဲ့မှာသူကဘာရာထူး ဘယ်လိုအရေးပါတာဆိုတာမျိုးကို ဂုဏ်ယူတတ်ကြပါတယ်။ အဲ့ဒါကိုလည်း ကျွန်တော်တို့သတိပြုဖို့လိုပါတယ်။ Self-Esteem ပေါ့ဗျာ။ နောက်ကောင်းတာတစ်ခုက Potential ရှိနေတဲ့ အရောင်းသမားတစ်ယောက်ကို Supervisor ဒါမှ မဟုတ် Team Leader ရာထူးတိုးပေးလိုက်တယ်ဆိုရင် သူရဲ့ ရာထူးနဲ့ ကိုက်ညီတဲ့ performance ကိုသူကိုတိုင် မနားမနေကြိုးစားတော့မျိုးပါပဲ။ အဲ့ချိန်ကျတော့ လုပ်ငန်းအနေနဲ့လည်း တကယ့်ကိုတော်တဲ့ အရောင်း၀န်ထမ်းကောင်းတစ်ယောက် ရရှိသလို၊ အရောင်းသမားအနေနဲ့ကျတော့လည်း သူ့ကိုအသိအမှတ် ပြုတယ်ဆိုပြီး ကုမ္ပဏီအပေါ်သစ္စာရှိရှိ အားကြိုးမာန်တက် ကြိုးစားကျပါတယ်။
ဒီနည်းတွေကိုသုံးပြီး ကိုယ့်အရောင်းသမားတွေကို motivation ပေးကြရအောင်။
မိတ်ဆွေတို့လည်း အကြံပြုချင်တဲ့ နည်းလေးတွေရှိရင် comment မှာ၀င်ပြီးဆွေးနွေးပေးခဲ့ပါဦး။