Blog

Digital Marketing Strategy စဉ်းစားတဲ့အခါ…

50
Marketing

Digital Marketing Strategy စဉ်းစားတဲ့အခါ…

Digital Strategy ချမှတ်တဲ့အခါ ဘယ်လို နည်းလမ်းတွေ စဥ်းစားနိုင်မလဲ။

Digital Marketing Strategy စဉ်းစားတဲ့အခါ…
Facebook ကြော်ငြာဟာ Digital Marketing အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Digital Marketing လို့ ပြောရင် ဒီထက်အများကြီး စဥ်းစားစရာတွေရှိပါတယ်။
 
Digital Marketing ကိုပိုင်ပိုင်နိုင်နိုင် လုပ်ချင်တဲ့လူတစ်ယောက်ဟာ အရင်ဦးဆုံး အခြေခံမားကက်တင်း သဘောတရားတွေကို နားလည်ဖို့လိုပါတယ်။
 
Facebook ကြော်ငြာ လုပ်တတ်ဖို့ အချိန် အနည်းငယ်ပေးပြီး သင်လို့ရပေမယ့် မားကက်တင်းအခြေခံနားမလည်ဘူးဆိုရင်တော့ ထင်သလောက် မပေါက်နိုင်ဘူး။
 
 
၁) မားကက်တင်းဆိုတာ ဝယ်သူဖောက်သည်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ ပြသနာတွေ ဖြေရှင်ပေးဖို့၊ အလုပ်တွေကို မြန်မြန်ဆန်ဆန်ပြီးအောင် ကူညီပေးရင်း ရေရှည်ဆက်ဆံရေးတည်ဆောက်ပြီး လုပ်ငန်းအတွက် အကျိုးအမြတ်ရှာခြင်းဖြစ်တယ်။
 
 
နောက်အရိုးရှင်းဆုံး မှတ်မယ်ဆိုရင် ဝယ်သူရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားတဲ့ လုပ်ရပ်တိုင်းကို Marketing activities လို့မှတ်ထားရင်ပိုကောင်းတယ်။
 
 

၂) ဒီဂျစ်တယ်မာကက်တင်းကို ဘယ်နေရာတွေမှာ သုံးနိုင်လဲ။

 
မာကက်တင်းသမားတစ်ယောက်အနေနဲ့ လုပ်ငန်းရှင်တစ်ယောက် အနေနဲ့ မာကက်တင်းအစီအစဥ်တစ်ခု စဥ်းစားတဲ့အခါ
 
  • Product – ဘာတန်ဖိုးတွေပေးမှာလဲ။
  • Price – ဈေးနှုန်းဘယ်လောက်ထားမှာလဲ။
  • Promotion – လူတွေသိလာ၊ကြိုက်လာအောင် ဘယ်လိုလုပ်မလဲ။
  • Place (Distribution) – ဘယ်နေရာတွေကနေ ဖြန့်ဖြူးရောင်းချမှာလဲ။
  • People – ဘယ်လိုအရည်အချင်းရှိတဲ့ လူတွေလိုလဲ။
  • Physical Evidence – ကိုယ့်လုပ်ငန်းနဲ့ ဆက်ဆံရေးမစတင်ခင်မှာတောင် လုပ်ငန်းရဲ့ ပုံရိပ်ကို ကိုယ်မြင်စေချင်တဲ့အတိုင်းမြင်အောင် ဘာတွေလုပ်ထားမှာလဲ။
  • Process – ကိုယ့်လုပ်ငန်းနဲ့ ဝယ်သူရဲ့ ဆက်ဆံရေး တစ်လျှောက်လုံးမှာ မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူရှင်းရှင်းလင်းလင်း ဖြစ်အောင် ဘယ်လိုလုပ်ထားမလဲ။ 
 
ဒီအချက်တွေအကုန်လုံးကို ပေါင်းစပ်ပြီးမှသာ ထိရောက်တဲ့ Marketing program တစ်ခုဖြစ်မှာဖြစ်ပါတယ်။
 

အဲဒီတော့ Digital Marketing ကို ဘယ်နေရာတွေမှာ သုံးလို့ရမလဲ။ Promotion၊ Distribution၊ Process ၊ Physical Evidence အတွက်စဥ်းစားလို့ရတယ်။ ဒီလောက်ဆိုရင်တော့ ကြော်ငြာ တစ်ခုတည်းအတွက် မဟုတ်ဘူးဆိုတာ မြင်သာသွားပြီ။ ( တကယ်လို့ ကိုယ့်ရောင်းကုန်က Digital format ဖြစ်နေရင် Product အနေနဲ့ပါ စဥ်းစားလို့ရနိုင်တယ်။)

 

၃) Digital Marketing Tools

 

နေ့စဥ်နဲ့အမျှ နည်းပညာ အရွေ့ပေါ်မှာ နည်လမ်းတွေ ထပ်ထပ်တိုးပြီး ပေါ်လာပါတယ်။
 
ဒါပေမယ့် Digital Tools ကို လက်ရှိအနေအထားမှာ အသုံးအများဆုံးကတော့
 
  • Content Marketing (Digital Strategy Hub)
  • Social Media
  • Email
  • Search Engine Marketing (SEO, SERPM)
  • Instant message
  • Offline Digital Display
 
ဒီ Tools ကို မှန်မှန်ကန်ကန် နဲ့ အချိန်ကိုက် ဝယ်သူနဲ့ ကိုယ့်လုပ်ငန်းရဲ့ ဆက်ဆံရေး အခြေအနေပေါ်မှာ မူတည်ပြီး သုံးရမှာဖြစ်တယ်။
 
 
၄) Media Planning အတွက် စဥ်းစားတဲ့အခါ
 
Digital Strategy ဆွဲတဲ့အခါ Media သုံးမျိုးကို ပေါင်းစပ်ပြီး စဥ်းစားနိုင်ရမယ်။
  • Own Media (ကိုယ်ပိုင် Website, Social Media Account, ကိုယ်ပိုင် Channel တွေ)
  • Earned Media ( ကိုယ့်လုပ်ငန်းအကြောင်းကို ကိုယ့်ကိုယ်စား ပြောပေးမယ့် လူတွေ၊ Media တွေ)
  • Paid Media (ကြော်ငြာစာရိတ်သုံးပြီး ကြော်ငြာလို့ရမယ့် Media တွေ)
ဒီသုံးခုလုံးကို မျှမျှတတ စဥ်းစားနိုင်မှ စားရိတ်သက်သာပြီး ထိရောက်တဲ့ Media plan တစ်ခုဖြစ်မယ်။
 
 
၅) Planning process
 
*** ရေရှည်စီမံချက်နဲ့ သွားတာ ပိုဖြစ်သင့်တယ်။ ဒီနေ့ကြော်ငြာစ၊နောက်နေ့ ဝယ်သူရဆိုတာမျိုး မလုပ်သင့်ဘူး။***
• ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင်ချမှတ်ရမယ်။ (ဥပမာ ဆိုပါတော့ Email Marketing လုပ်တယ်ဆိုရင် Sales တစ်ခုတည်းကို တိုင်းတာမျိုးထက် ဘယ်နှစ်ယောက်ဖွင့်ဖတ်သလဲ။ ဘယ်နှစ်ယောက်တော့ မေးလ်ထဲမှာ ထည့်ထားတဲ့ လင့်ကို နှိပ်တယ်။ စသည်ဖြင့် လုပ်ရပ် နဲ့ ကိုက်ညီတဲ့ ပန်းတိုင်မျိုးချမှတ်တာမျိုး ပိုဖြစ်သင့်တယ်။)
 
• ဘယ်သူတွေအတွက်လဲ။ ဘယ်သူတွေအတွက် ရည်ရွယ်တာလဲ။ ဝယ်သူအသစ်တွေအတွက်၊ ဝယ်သူအဟောင်းတွေအတွက်လား။ အခုမှ ကိုယ့်လုပ်ငန်းကို သိတဲ့လူတွေအတွက်လား။ သိပြီးသားလူတွေကို ထပ်ဝယ်လာအောင် လုပ်မှာလား။ ကိုယ်တိုင်ရှင်းလင်းဖို့ လိုပါတယ်။
 
• ပြီးရင်တော့ အပေါ်မှာ ပြောပြခဲ့တဲ့ Media Planning သဘောတရား အခြေခံနဲ့ Tools တွေပေါင်းစပ်ပြီး ဘယ်အချိန်မှာတော့ ဘယ် Media မှာ ဘာလုပ်မယ်။ ဘယ်အချိန် Email ပို့မယ် စသည်ဖြင့် Schedule ဆွဲရမှာပေါ့။
 
• Schedule ဆွဲထားတဲ့အတိုင်း လုပ်ဖြစ်အောင် လုပ်ရမယ်။
 
• ရလာဒ်နဲ့ ရည်မှန်းချက် ခြားနားချက်တွေကို သုံးသပ်ပြီး ပြင်ဆင်တာမျိုး၊ ဗျူဟာပြောင်းတာမျိုးတွေ လုပ်ရမယ်။
 
 
၆) Customer Journeyဝယ်သူတွေဟာ ပုံမှန်အားဖြင့် Brand တစ်ခုနဲ့ ပတ်သက်ပြီး ဒီအဆင့်တွေကို ဖြတ်တယ်။
  • Awareness (သိတယ်)
  • Evaluate (စဥ်းစားတယ်)
  • Purchase (ဝယ်ယူတယ်)
  • Retention (ထပ်ဝယ်တယ်)
  • Advocate (တခြားလူတွေကို ညွှန်းတယ်။)
 
ဒီအတိုင်း အမြဲမသွားဘူးလို့ ငြင်းဆိုတဲ့ စာတမ်းတွေလဲ ရှိပါတယ်။ ဒါပေမယ့် ဒီသဘောတိုင်းဟာ တော်တော်များများ အခြေအနေတွေမှာ မှန်နေသေးတာလဲ တွေ့ရတယ်။ဒီ Customer Journey ကို အခြေခံပြီးတော့ ဗျူဟာ စဥ်းစားမယ်ဆိုရင်
 
 
၇) စဥ်းစားသင့်တဲ့ ဗျူဟာများ
 
• Lead Capturing Strategy (ဥပမာ။ ။ ကိုယ့်လုပ်ငန်းရဲ့ အကြောင်းကို စဥ်ဆက်မပြတ် ထိတွေ့ပေးသွားနိုင်ဖို့အတွက် Email ရအောင် Social profile တွေမှာ Follow သွားအောင် ဘယ်လိုလုပ်မလဲ။)
 
• Lead Nurturing Strategy ( အခုဝယ်ဖို့ အဆင်သင့်မဖြစ်သေးရင်တောင် နောင်ဝယ်ဖို့ ဖြစ်လာတဲ့အခါ ကိုယ့်လုပ်ငန်းကို ခေါင်းထဲပေါ်လာအောင် စဥ်ဆက်မပြတ် အဆက်အသွယ်ဖြစ်နေအောင် ဘယ်လိုလုပ်မလဲ။)
 
• Conversion Strategy (ကြာသွားရင် ဝယ်ချင်စိတ်ပျောက်သွားတတ်တယ်။ ဝယ်သူကိုယ်ဆီကနေ မြန်မြန်လေး ဝယ်ဖြစ်သွားအောင် ဘယ်လိုလုပ်မလဲ။ Sales promotion ပေးတာမျိုး)
 
• Retention Strategy ( ကိုယ့်ဆီမှာ ထပ်ခါထပ်ခါ ဝယ်လာအောင် ဘယ်လိုလုပ်မလဲ။ ဥပမာ။ ။ Loyalty program)
 
• Referral Strategy (ကိုယ့်ဖောက်သည်တွေက တခြားလူတွေကို ညွှန်းပေးအောင် ဘယ်လိုလုပ်မလဲ။ ဥပမာ။ ။ Share To Your Friends and Win … % Off)
 
ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ မာကက်တင်းသဘောတရားတွေ၊ Marketing Mix အခြေခံ၊ Media Plans၊ Digital Tools တွေကို အကြံပြုခဲ့တဲ့ ဗျူဟာတွေမှာ ဘယ်လိုသုံးမလဲဆိုတာ သေချာရှင်းလင်းသွားပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် သင့်မှာ ထိရောက်တဲ့ Digital Marketing Strategy ရှိနေလောက်မှာ ဖြစ်ပါတယ်။
 
မားကတ်တင်းမဟာဗျူဟာနဲ့ ပတ်သတ်ပြီး အသေးစိတ်လေ့လာချင်တာမျိုးဆိုရင် ကျွန်တော်တို့ Better Version ကဖွင့်တဲ့ လက်တွေ့အသုံးချမားကတ်တင်း သင်တန်း (Practical Marketing Strategies) အတန်းကို တက်လို့ရပါတယ်။ အသေးစိတ်စုံစမ်းချင်တယ်ဆိုရင် PMS လို့သာမက်ဆေ့ပို့လိုက်ပါ။
 

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here







Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
I got Better offer

အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်ထိ "BVM30" ကုဒ် အသုံးပြုပြီး Special Offer ၃၀% ရယူပါ။