မားကက်တင်း မတတ်ရင် စီးပွားရေး လုပ်လို့မရဘူး။ Management Guru ဖြစ်တဲ့ Dr Peter Drucker ကတော့ “Business has only two basic functions – Marketing and Innovation.” လို့ ပြောပါတယ်။
အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ၊ Freelancer တွေ၊ မာကက်တင်းနဲ့ အရောင်းပိုင်းမှာ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ လူများအတွက် 5 Weeks Program – Practical Marketing Strategies
ဘာတွေရသွားမလဲ။
သင့်ကိုသင် ယုံကြည်မှုရှိရှိနဲ့ သင့်လုပ်ငန်းအတွက်ဘဲ ဖြစ်ဖြစ်၊ Personal branding အတွက်ဘဲ ဖြစ်ဖြစ် လက်တွေ့ အသုံးချလို့ရမယ့် မာကက်တင်းမဟာဗျူဟာ စဥ်းစားသုံးသပ်ချမှတ်နိုင်သွားဖို့အတွက်ဖြစ်ပါတယ်။
မာကက်တင်း မဟာဗျူဟာချမှတ်နိုင်ဖို့အတွက်ဆိုရင် အပိုင်း (၅) ပိုင်း ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။
➡️ ပထမတစ်ပိုင်းက Startegy ချမှတ်တဲ့အပိုင်းဖြစ်ပါတယ်။
ဒီအပိုင်းမှာဆိုရင် သင်က မာကက်တင်းနဲ့ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို နားလည်ထားရမယ့်အပြင် သင့်လုပ်ငန်းအတွက်ချမှတ်ရမယ့် Corporate strategy၊ Business strategy သဘောတရားတွေကို နားလည်ထားရမယ််။
➡️ ဒုတိယတစ်ပိုင်းကတော့ ဈေးကွက်အနေအထားသုံးသပ်ချက်တွေလုပ်ရမှာဖြစ်ပါတယ်။
သင် ဘယ်ဈေးကွက်ကို ရွေးချယ်မလဲ။ ရွေးချယ်တဲ့အခါမှာ ဘာတွေစဥ်းစားရမလဲ။ ဈေးကွက်ထဲမှာ ထင်သာမြင်သာ ဖြစ်နေအောင် တမူးထူးခြားနေအောင် ဘယ်လိုလုပ်နိုင်မလဲ သင့်ရဲ့ ပြိုင်ဘက်တွေနဲ့ ယှဥ်တဲ့အခါ အများနဲ့ကွဲထွက်နေအောင် ဘယ်လိုစဥ်းစားနိုင်မလဲ ဆိုတာတွေကို သိထားရမှာဖြစ်ပါတယ်။
➡️ တတိယတစ်ပိုင်းကတော့ Marketing program ရေးဆွဲတဲ့အပိုင်းဘဲ ဖြစ်ပါတယ်။
ဒီအပိုင်းမှာ ထုတ်ကုန်/ရောင်းကုန်အသစ်ဖန်တီးတာတွေ၊ ဈေးနှုန်းသတ်မှတ်ချက်တွေ၊ လူသိများလာအောင်လုပ်ဖို့နည်းလမ်းတွေအပြင်၊ ဖြန့်ဖြူးရောင်းချခြင်းအတွက် ဗျူဟာ ဆွဲနိုင်ရမှာဖြစ်ပါတယ်။
ဒါအပြင် ခေတ်နဲ့အညီ Digital Marketing Strategy ဘယ်ချမှတ်မလဲဆိုတာလဲ သိရမှာဖြစ်ပါတယ်။
➡️ နောက်တစ်ပိုင်းကတော့ ကိုယ်ထုတ်ကုန်/ရောင်းကုန်ပေါ်မှာ မူတည်ပြီးတော့ ကိုယ်ရောက်နေတဲ့ ဈေးကွက်ပေါ်မူတည်ပြီး မဟာဗျူဟာ ချမှတ်တာမျိုးဖြစ်ပါတယ်။
ထုတ်ကုန်အသစ်ဖြစ်နေရင် ဘယ်လိုဗျူဟာတွေသုံးနိုင်မလဲ။ တကယ်လို့ Growth ဖြစ်နေတဲ့ ဈေးကွက်ဖြစ်နေရင်ကော၊ ဒါမှမဟုတ် ဈေးကွက်ပျက်သလိုဖြစ်နေတဲ့ အနေအထားမှာဆိုရင် ဘယ်လိုနည်းလမ်းတွေသုံးနိုင်မလဲဆိုတာဘဲ ဖြစ်ပါတယ်။
➡️ နောက်ဆုံးတစ်ပိုင်းကတော့ အပေါ်မှာ ကိုယ်စီစဥ်ခဲ့တဲ့အရာတွေကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီးတော့ အပြောင်းအလဲတွေဖြစ်လာလဲ ဘယ်လို ရလာဒ်ကောင်းတွေရအောင် စီစဥ်လုပ်ဆောင်မလဲဆိုတာဘဲ ဖြစ်ပါတယ်။
Practical Marketing Strategy သင်တန်းမှာ ဘာတွေပါဝင်သင်ကြားသွားမလဲ။
- Marketing Concepts and Process
- Corporate & Business Strategies
- Market Opportunities
- Consumer Behaviors
- Business Markets & Buyer’s Behaviors
- Targeting Attractive markets
- Customer Profiling
- Differentiation and Branding
- Strategies for new market entries
- Strategies for the growth market
- Strategies for mature and decline market
- Product Decision
- Pricing Decision
- Distribution channel decision
- Promotion decision
- Digital strategy
- Organizing and planning for effective implementation
- Measurement and Audits
စတဲ့ အကြောင်းအရာတွေကို ပါဝင်သွားမှာ ဖြစ်တဲ့ အပြင် Better Version ရဲ့ သင်တန်းများရဲ့ ပုံစံအတိုင်း လက်တွေ့ အသုံးချနိုင်မယ့် နည်းလမ်းများ၊ Tool များ ပေးသွားမှာ ဖြစ်ပါတယ်။
မှန်ကန်တဲ့ မားကတ်တင်း ဗျူဟာတွေချမှတ်နိုင်ဖို့ လက်တွေ့အသုံးချမားကတ်တင်း (Practical Marketing Strategies) အတန်းကို တက်ပါ။