အောင်မြင်တဲ့အရောင်းသမားဖြစ်ဖို့ နားလည်ထားသင့်တဲ့ (C) ၄ လုံး
December 23, 2020 2020-12-24 11:12အောင်မြင်တဲ့အရောင်းသမားဖြစ်ဖို့ နားလည်ထားသင့်တဲ့ (C) ၄ လုံး

အောင်မြင်တဲ့အရောင်းသမားဖြစ်ဖို့ နားလည်ထားသင့်တဲ့ (C) ၄ လုံး
အောင်မြင်တဲ့အရောင်းသမားဖြစ်ဖို့ နားလည်ထားသင့်တဲ့ (C) ၄ လုံး
တစ်ခါတစ်ရံမှာ အတွေ့အကြုံနည်းသေးတဲ့ အရောင်းသမားတွေအနေနဲ့ အောင်မြင်တဲ့အရောင်းတစ်ခုဖြစ်ဖို့ ကိုယ်ကိုကိုယ့် ယုံကြည်မှု နည်းတာမျိုး၊ အသိပညာမကြွယ်၀သေးတာမျိုးဖြစ်တတ်ပါတယ်။
အဲ့လိုအခါမျိုးမှာဆိုရင် State Management မှာအရေးကြီးတဲ့ “C” ၄လုံးကို လေ့ကျင့်ထားခြင်းအားဖြင့် အရောင်းသမားရဲ့ ကိုယ်ပိုင်ယုံကြည်မှု အပြင် ၀ယ်သူဖောက်သည်ရဲ့ ယုံကြည်မှုကိုပါရလာနိုင်စေမှာဖြစ်ပါတယ်။
“C” ၄လုံးကဘာတွေဖြစ်မလဲဆိုရင်
Certainty (သေချာရေရာမှု)
Clarity (ရှင်းလင်းပြတ်သားမှု)
Confidence (ယုံကြည်မှု)
Courage (သတ္တိ)
တို့ပဲဖြစ်ပါတယ်။
သေချာရေရာမှုနဲ့ ရှင်းလင်းပြတ်သားမှုကို အဓိပ္ပါယ်ဖွင့်ရရင်တော့ “သင်ဟာ ဘယ်အရာကိုအာရုံစိုက်မှာလဲ” ဆိုတာ သေချာရေရာပြီး ရှင်းလင်းပြတ်သားဖို့ လိုပါတယ်။
ဥပမာပြောရရင် အရောင်းသမားတစ်ယောက်အနေနဲ့ ကိုယ့်ကို ရလာဒ်ကောင်းတွေပေးနိုင်မယ့် ၀ယ်သူဖောက်သည်ကို သေချာသိဖို့ လိုသလို ဘယ်၀ယ်သူကို ပိုပြီးအာရုံစိုက်မှာလဲ။ ဘယ်လိုရလာဒ်တွေ လိုချင်တာလဲဆိုတာ သေသေချာချာ ရေရေရာရာနဲ့ ရှင်းလင်းပြတ်သားနေဖို့ လိုပါတယ်။
နောက်ထပ် (၂) ခုဖြစ်တဲ့ ယုံကြည်မှုနဲ့ သတ္တိကတော့ သင့်ရဲ့ လက်ရှိ ဇီဝကမ္မဗေဒ ပဲဖြစ်ပါတယ်။ သင့်ရဲ့ မျက်နှာအနေအထား၊ ပြောဆိုပုံ၊ ကိုယ်လက်လှုပ်ရှားမှု၊ အသက်ရှုနှုန်းတွေဟာ သင့်ယုံကြည်မှုနဲ့ သတ္တိကို ဖော်ပြနေတဲ့အရာတွေပဲဖြစ်ပါတယ်။
ဒီအရာတွေကို ဘယ်လို စီမံခန့်ခွဲပြီး သင့်မှာရှိတဲ့ ယုံကြည်မှုနဲ့ သတ္တိကို ၀ယ်သူဖောက်သည် ခံစားမိအောင်၊ သင့်ကိုယုံကြည်လာအောင် လုပ်မလဲဆိုတာ လေ့ကျင့်ထားသင့်ပါတယ်။ ဒါဆိုရင် သင့် ၀ယ်သူက သင့်ကိုတင်မဟုတ်ပဲ၊ ကုန်ပစ္စည်း၊ လုပ်ငန်း (ကုမ္ပဏီ) ကိုပါ ယုံကြည်မှုပိုရလာစေမှာဖြစ်ပါတယ်။
ရလာဒ်ကောင်းတဲ့ အရောင်းသမားဖြစ်ချင်တဲ့လူတွေအတွက် အားငယ်စိတ်၊ စိတ်ဓါတ်ကျမှု ဒီလိုအစရှိတဲ့ မကောင်းတဲ့ အတွေးတွေကို ဖယ်ပြီး အကောင်းမြင်စိတ်များတဲ့ လူတစ်ယောက်ဖြစ်ဖို့လည်း လိုပါတယ်။ အကောင်းမြင်တဲ့ စိတ်၊ အကောင်းမြင်တဲ့ အတွေးတွေကပဲ သင့်ကို ပိုကောင်းတဲ့ရလာဒ်တွေဆီခေါ်ဆောင် သွားနိုင်မှာဖြစ်ပါတယ်။

ဦးမင်းသန်းထွဋ် -
ဦးမင်းသန်းထွဋ်သည် B.Sc. Chemistry ဘွဲ့ ရရှိပြီးနောက်တွင် ခရီးသွားလာရေးစီမံခန့်ခွဲမှု (Tourism Studies and Management) နှင့် UK နိုင်ငံ ICM အသိအမှတ်ပြု Marketing Management၊ Financial Management နှင့် Digital Marketing Strategy တို့ကိုလည်း လေ့လာခဲ့ပါသည်။ ထို့ပြင် Neuro-Linguistic Programming၊ Time Line Therapy၊ NLP coaching by American Board of NLP နှင့် Alliances from North American ကဲ့သို့သော အဖွဲ့အစည်းများမှာ အသိအမှတ်ပြု Practitioner တစ်ဦး၊ Trainer တစ်ဦး လည်း ဖြစ်ပါသည်။ ဦးမင်းသန်းထွဋ်သည် Pro Niti Co., Ltd နှင့် Trust Tourism & Management Institute လုပ်ငန်းတို့၏ တည်ထောင်သူ Founder ဖြစ်ပါသည်။ လက်ရှိမှာတော့ စကော့တလန် နိုင်ငံမှ Heriot-Watt University ရဲ့ Edinburgh Business School တွင် မာစတာဘွဲ့အတွက် မာကက်တင်း ဘာသာရပ်အထူးပြုဖြင့်တက်ရောက်နေပါသည်။
Search
Popular posts