Blog

အရောင်းသမားတွေအတွက်ဝယ်သူကိုချဉ်းကပ်နည်း ၃ နည်း

4
Sales

အရောင်းသမားတွေအတွက်ဝယ်သူကိုချဉ်းကပ်နည်း ၃ နည်း

အရောင်းသမားတွေ အနေနဲ့ မိမိ ဝယ်သူအသစ်တွေကိုရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ ဝယ်သူ အဟောင်းတွေကို ထုတ်ကုန် အသစ်တွေ ရောင်းချင်လို့ပဲဖြစ်ဖြစ် ချဉ်းကပ်ဖို့ ကြိုးစားတဲ့အခါ ဘယ်လို နည်းလမ်းတွေ သုံးလို့ရလဲ ဆိုတာကို လေ့လာကြည့်ရအောင်။

၁) Premium Approach

မိမိ ရောင်းတဲ့ ကုန်ပစ္စည်းက luxury product မျိုးဖြစ်နေတဲ့အခါမျိုးမှာ ဒီနည်းကိုသုံးလို့ရပါတယ်။

ဥပမာ – ကားရောင်းတဲ့ အနေအထားမျိုးဆို product မိတ်ဆက်ပွဲ တက်နိုင်ဖို့ ဖိတ်စာ ပို့ပေးတာမျိုး၊ catalogue ပို့ပေးတာမျိုး၊ လက်ဆောင်ပို့ပေးပြီး ချဉ်းကပ်တာမျိုး လုပ်လို့ရပါတယ်။

၂) Question Approach

မေးခွန်းမေးခြင်းအားဖြင့် ဝယ်သူရဲ့ လိုအပ်ချက်နဲ့လိုအင်ကို သူသတိထားမိသွားအောင် လုပ်ပြီး ချဉ်းကပ်တဲ့နည်းမျိုးပါ။ တစ်ခါတစ်လေ ဝယ်သူက သူတို့ ဘာလိုအပ်နေတယ်ဆိုတာကို သတိမထားမိတတ်ကြပါဘူး။ 

ဒီလို အချိန်မျိုးမှာ အရောင်းသမား အနေနဲ့က မေးခွန်းတွေ မေးပြီး မိမိရောင်းနေတဲ့ ဒီကုန်ပစ္စည်းကို သုံးလိုက်ခြင်းအားဖြင့် ရရှိသွားမယ့် အကျိုးရလဒ်ကို ပြောပြီးရောင်းလို့ရပါတယ်။

၃) Product Approach

အမြည်းကျွေးပြီး ချဉ်းကပ်တဲ့ ပုံစံမျိုးပါ။ မိမိရောင်းတဲ့ ကုန်ပစ္စည်းက အမြည်းကျွေးလို့ရတဲ့၊ sample ပေးလို့ရတဲ့၊ အစမ်းသုံးခိုင်းလို့ရတဲ့ အမျိုးအစားဆိုရင် ဒီနည်းကိုသုံးလို့ရပါတယ်။

ဥပမာ – FMCG products တွေမှာဆို ခေါင်းလျှော်ရည် အသစ်တစ်မျိုးဆိုပါစို့။ sample အထုပ်သေးလေးတွေပေးပြီး ဝယ်သူကို စမ်းသုံးကြည့်ဖို့ပြောခြင်းအားဖြင့် ချဉ်းကပ်လို့ရပါတယ်။

Software ရောင်းတာမျိုးဆိုလဲ Free အရင်ပေးသုံးတာမျိုးတွေလုပ်တာမျိုးပါ။

 အ‌ရောင်းသမား အနေနဲ့ မိမိရောင်းတဲ့ ကုန်ပစ္စည်းအမျိုးအစားရယ်၊ မိမိဝယ်သူရဲ့ အနေအထားပေါ်မှာ မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်သွားလို့ရတာပေါ့။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping