Blog

အရောင်းပိုင်းမှာ ရလာဒ်ကောင်းတွေပိုင်ဆိုင်စေဖို့

Better Version Institute
Sales

အရောင်းပိုင်းမှာ ရလာဒ်ကောင်းတွေပိုင်ဆိုင်စေဖို့

လက်တလောအခြေအနေတွေကြောင့် အရောင်းသမားတွေအနေနဲ့ အရောင်းရဖို့ အတွက်ကြိုးစားရင်း စိတ်ပင်ပမ်း၊ stress ပိနေကြတာများပါတယ်။ 

 ဒါကြောင့် ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပြီး ရလာဒ်ကောင်းတဲ့ ထိပ်တန်းအရောင်း သမားတွေဖြစ်အောင် ကြိုးစားကြည့်ပါ။ 

 ) မိမိဝယ်သူ အကြောင်းသိအောင်လုပ်ပါ။ မိမိသွားတွေ့ရမယ့်၊ ဖုန်းပြောရမယ့် ဝယ်သူက ဘယ်လို ရာထူးမျိုးလဲ၊ သူကြုံတွေ့နေရတဲ့ ပြဿနာက ဘယ်လိုမျိုးဖြစ်နိုင်လဲ ကြိုစဉ်းစားပြီး ပြင်ဆင်ဖို့လိုပါတယ်။

 ၂) ရည်မှန်းချက်နဲ့ အလုပ်လုပ်ပါ။ ဒီလမှာ ဘယ်လောက်ဖိုးရောင်းရချင်တာလဲ။ ဒီလို ရောင်းရဖို့ မိမိအနေနဲ့ ဘာတွေ ပြင်ဆင်သင့်သလဲ ဆိုတာကိုပါ ကြိုစဉ်းစားဖို့လိုပါတယ်။

 ၃) ယုံကြည်မှုရှိရှိအလုပ်လုပ်ပါ။ မိမိကိုယ်ကိုယ် ကိုမှ ယုံကြည်မှုမရှိနေရင် ဝယ်သူဆီကလည်း ယုံကြည်မှုကိုရရှိဖို့ မဖြစ်နိုင်ပါဘူး။ လူတွေက ကိုယ်ယုံကြည်တဲ့ သူနဲ့ပဲ အလုပ်လုပ်ဖို့ စဉ်းစား တာဖြစ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိဖို့က အရောင်းရဖို့အတွက် အရေးကြီးပါတယ်။

 ၄) ဘယ်အရာကိုမှ အထင်နဲ့ မဆုံးဖြတ်ပါနဲ့။ ဝယ်သူတစ်ယောက်ကိုလဲ ပြောပုံဆိုပုံ၊ ဝတ်ပုံစားပုံကြည့်ပြီး မဝယ်နိုင်လောက်ပါဘူးလေ ဆိုတာမျိုး မလုပ်မိပါစေနဲ့။ ထိရောက်တဲ့ မေးခွန်းမေးနည်းတွေ နဲ့ဝယ်သူရဲ့ လိုအပ်ချက်၊ လိုအင်၊ သူရဲ့ ရွေးချယ်တဲ့ criteria (စံနှုန်း) တွေကဘာလဲ သိအောင်ကြိုးစားဖို့လိုပါတယ်။ ပြီးမှ သူ့ရဲ့ ပြဿနာကို မိမိရောင်းတဲ့ ကုန်ပစ္စည်းက ဘယ်လိုမျိုးဖြေရှင်းပေးနိုင်လဲ ဆိုတာကို ထောက်ပြနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။

 ၅) ကျွမ်းကျင်သူဖြစ်နေပါစေ။ နေ့ရက်တိုင်းမှာ တစ်ရက်ထက်တစ်ရက်ပိုကောင်းအောင် ကြိုးစားဖို့ အခွင့်အရေးရှိပါတယ်။ လေ့ကျင့်မှုများမှ ပြည့်စုံမှုကိုရမှာ ဖြစ်တဲ့အတွက် အမြဲတမ်း သင်ယူနေဖို့လိုပါတယ်။ မိမိကုန်ပစ္စည်းအကြောင်း၊ ပြောင်းလဲနေတဲ့ ဈေးကွက်အကြောင်း၊ ပြောင်းလဲနေတဲ့ ဝယ်ယူမှုပုံစံတွေ အကြောင်း အမြဲလေ့လာနေဖို့ လိုပါတယ်။ 

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping