Blog

အရောင်းပိုင်းကို စီမံခန့်ခွဲနေရသူတွေသိသင့်တဲ့ အရောင်းအဖွဲ့တစ်ခုဖွဲ့စည်းခြင်း

Website Blog 3 (1)
Uncategorized

အရောင်းပိုင်းကို စီမံခန့်ခွဲနေရသူတွေသိသင့်တဲ့ အရောင်းအဖွဲ့တစ်ခုဖွဲ့စည်းခြင်း

အ‌ရောင်းပိုင်းကိုစီမံခန့်ခွဲနေရသူတစ်ယောက်သိသင့်တဲ့ အရောင်းအဖွဲ့တစ်ခု ဖွဲ့စည်းခြင်း

အရောင်းပိုင်းကို စီမံခန့်ခွဲနေရသူ sales managers တွေ၊ sales leaders တွေ အနေနဲ့ ချမှတ်ထားတဲ့ target တွေအရ အရောင်းတွေရဖို့၊ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ profit တွေရဖို့ အတွက် မှန်ကန်ထိရောက်တဲ့ အရောင်းအဖွဲ့ တစ်ခု ဘယ်လို ပုံစံနဲ့ဖွဲ့စည်းကြမလဲ။ ဘယ်ပေါ်မှာ အခြေခံပြီး အရောင်းအဖွဲ့ ကိုဖွဲ့စည်းလို့ရမလဲဆိုတာကို လေ့လာကြည့်ရ‌အောင်။ 

သင့်လုပ်ငန်းနဲ့ထုတ်ကုန် အနေအထား၊ ဝယ်သူတွေရဲ့ အခြေအနေနဲ့ဈေးကွက် ပေါ်မှာ မူတည်ပြီး ဒီနည်းလမ်းတွေထဲက သင့်တော်တဲ့ ပုံစံနဲ့ အသုံးပြုလို့ရပါတယ်။

၁) Geographical Structure (နေရာဒေသကို အခြေခံပြီးဖွဲ့စည်းခြင်း)

သင့်ရဲ့ sales team ကိုမြေပုံပေါ်မှာ အခြေခံပြီးဖွဲ့စည်းထားတာမျိုး ဖြစ်ပါတယ်။ ဥပမာ – ကမာရွတ်မြို့နယ်အတွက် ဒီအရောင်းသမားတွေက တာဝန်ယူရမယ် ၊ ပန်းဆိုးတန်းအတွက် ဒီအဖွဲ့စသည်ဖြင့် မြို့နယ်အလိုက် အရောင်းအဖွဲ့တွေ ဖွဲ့စည်းထားတာမျိုးပါ။ ဒီလိုဖွဲ့စည်းလိုက်ခြင်းအားဖြင့် အဓိက ကတော့ သွားလာစရိတ် travelling expense လျှော့ချနိုင်ပါမယ်။ ဒီမြို့နယ်က ဝယ်သူတွေနဲ့ အရောင်းသမားနဲ့ကြားမှာပိုပြီး ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သင့်လုပ်ငန်းက ထုတ်ကုန် ၁၀ မျိုး ၁၁ မျိုး စသည်ဖြင့် အမျိုးအစားအများကြီးရှိတဲ့အခါမျိုး ဖြစ်တယ်ဆိုရင်တော့ အရောင်းသမားအတွက် စိန်ခေါ်မှုတွေ ဖြစ်စေပါတယ်။ မြို့နယ်တစ်ခုမှာ product တွေအကုန်လုံးကို ကိုင်နေရတဲ့အတွက် အရောင်းသမားအနေနဲ့ product တစ်ခုချင်း ရဲ့အကြောင်း အသေးစိတ်ကို ဝယ်သူကို ရှင်းလင်းအောင်မပြောနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။  

၂) Product Specialization Structure (ကုန်ပစ္စည်းပေါ် အခြေခံပြီးဖွဲ့စည်းခြင်း)

product A အတွက် အရောင်းအဖွဲ့တစ်ခု၊ product B အတွက်အရောင်းအဖွဲ့တစ်ခု စသည်ဖြင့် ‌သင့်လုပ်ငန်းမှာ ရှိတဲ့ product တွေအလိုက် အရောင်းအဖွဲ့ ကိုဖွဲ့စည်းတာမျိုးဖြစ်ပါတယ်။ သင့် product က sales cycle length ရှည်တဲ့အမျိုးအစားမျိုးဖြစ်နေမယ်၊ technical complex ဖြစ်လို့ ဝယ်သူကို သေချာ အသေးစိတ်ရှင်းပြဖို့လိုတာမျိုးဖြစ်နေမယ် ဆိုရင် ဒီပုံစံမျိုး အရောင်းအဖွဲ့ ဖွဲ့စည်းခြင်းက သင့်တော်ပါတယ်။

ဒါပေမယ့် ဒေသ၊ မြို့နယ်အကုန်လုံးကို ဒီ product အတွက်ဆိုရင် ဒီအရောင်းသမား တွေကပဲသွားရောင်း ‌နေရတဲ့အတွက် သွားလာစရိတ် travelling expense တွေ တက်လာတာတွေ၊ ဝယ်သူဆီကို sales calls သွားတဲ့အခါမှာလည်း မြို့နယ်တစ်ခုထဲက customer တစ်ဦးထဲကို product တစ်မျိုးစီအတွက် အရောင်းသမားနှစ်ယောက်ဆီလောက် marketing ဆင်းနေမိတာမျိုးတွေ ဖြစ်ပြီး customer ကို ‌annoy ဖြစ်စေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

 ၃) Customer Based Structure (ဝယ်သူအနေအထားပေါ်မူတည်ပြီး ဖွဲ့စည်းခြင်း)

သင်ရောင်းတဲ့ product ကိုဝယ်ယူသုံးစွဲတဲ့ customer အနေအထားပေါ်မှာ မူတည်ပြီး အရောင်းအဖွဲ့ကိုဖွဲ့စည်းတာမျိုး ဖြစ်ပါတယ်။ ဥပမာ – သင်က software ရောင်းတဲ့ ကုမ္ပဏီမျိုး ဖြစ်မယ်ဆိုရင် bank ပိုင်းကဝယ်သူဆိုရင် သီးသန့် အရောင်းအဖွဲ့တစ်ခု၊ manufacturing ပိုင်းကဝယ်သူ ဖြစ်မယ်ဆိုရင် သီးသန့် အရောင်းအဖွဲ့တစ်ခု၊ စသည်ဖြင့် ဈေးကွက် အလိုက် ဝယ်သူ ရဲ့ field ကိုအခြေခံပြီး အရောင်းအဖွဲ့ ကို ဖွဲ့စည်းခြင်းဖြစ်ပါတယ်။

ဒီလိုမျိုး Customer Based Structure မှာဆိုရင် ဈေးကွက်ပေါ်မှာ မူတည်ပြီးလည်းဆွဲလို့ရသလို၊ customer size ပေါ်မှာမူတည်ပြီးတော့ အရေအတွက် များများဝယ်တဲ့ ဝယ်သူဆိုရင် ကိုင်ရမယ့် အရောင်းအဖွဲ့ (Key account လိုမျိုး)၊ အရေအတွက် နည်းနည်း ဝယ်တဲ့ ဝယ်သူတစ်ယောက်ချင်းစီကို ကိုင်ရမယ့် အရောင်းအဖွဲ့စသည်ဖြင့် လည်း ဖွဲ့စည်းလို့ရပါသေးတယ်။

ဒါ့အပြင် ဝယ်သူအဟောင်း/ အသစ်ပေါ်မှာ အခြေခံပြီးလည်း အရောင်းအဖွဲ့ ဖွဲ့စည်းတာမျိုးလည်းရှိပါသေးတယ်။ ဝယ်သူအသစ်တွေဆိုရင် ဒီအရောင်းအဖွဲ့က ကိုင်ရမယ်၊ ဝယ်သူ အဟောင်းဆိုရင် တော့ ဒီအရောင်းအဖွဲ့ စသည်ဖြင့်လည်း ဖွဲ့စည်းလို့ရပါသေးတယ်။

ဒါပေမယ့်လည်း ဒီနည်းတွေကို mix လုပ်ပြီး သင့်ရုံးရဲ့ product ပေါ်မှာ အခြေခံပြီးတော့ အချို့ကိုတော့ Geographical နဲ့ အရောင်းအဖွဲ့ ကိုဖွဲ့ စည်းတာမျိုး၊ အချို့ကိုတော့ ဝယ်သူအနေအထားပေါ် အခြေခံပြီး ဆွဲတာမျိုးလည်း လုပ်လို့ရပါသေးတယ်။

ဘယ်နည်းလမ်းနဲ့ အရောင်းအဖွဲ့ကို ဖွဲ့စည်းရင် ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အထိရောက်ဆုံးဖြစ်မလဲ ဆိုတာကတော့ သင့် product အနေအထား၊ ဝယ်သူတွေရဲ့ အခြေအနေ၊ သင့်အရောင်းအဖွဲ့ရဲ့ လုပ်နိုင်စွမ်းပေါ်မှာ မူတည်ပြီးတော့ စီမံခန့်ခွဲသူတစ်ယောက် အနေနဲ့ စဉ်းစားရမှာဖြစ်ပါတယ်။ 

ဒီလောက်ဆိုရင်တော့ အရောင်းပိုင်းကို ဦးဆောင်နေရသူတွေအနေနဲ့  salesforce management မှာအရေးပါတဲ့တစ်ခုဖြစ်တဲ့ salesforce structure ဘယ်လိုဆွဲသင့်လဲဆိုတဲ့ idea ရသွားပြီလို့ မျှော်လင့်ပါတယ်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping