Blog

ဝယ်သူတွေဘယ်အချိန်မှာ စိတ်ကျေနပ်မှုရသလဲ။

Better Version _ Customer Service
Customer Service

ဝယ်သူတွေဘယ်အချိန်မှာ စိတ်ကျေနပ်မှုရသလဲ။

ရေရှည် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ဖို့ ဆိုရင် Customer တွေရဲ့စိတ်ကျေနပ်မှုကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ခြင်းကလည်း အရေးကြီးပါတယ်။

 ဒါဆိုရင် လူတွေဘယ်အချိန်မှာ စိတ်ကျေနပ်မှုရကြသလဲ။

 မျှော်လင့်ချက် (expectation) နဲ့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ (experience) ထပ်တူကြတဲ့အခါမှာ စိတ်ကျေနပ်မှု (satisfaction) ကိုဖြစ်စေပါတယ်။ မတူညီတဲ့ အခါမှာ ဆိုရင်တော့ complain တွေ ဖြစ်လာတာပေါ့။

 ဆိုလိုတာက ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူသုံးစွဲပြီဆိုထဲက မျှော်လင့်ချက်တွေ ရှိပါတယ်။ ဒီကုန်ပစ္စည်းက မိမိကိုဘာတွေပြန်ပေးမလဲ၊ ပေးလိုက်ရတဲ့ဈေးနဲ့တန်တဲ့ ဝန်ဆောင်မှု ပြန်ရမှာလား စသည်ဖြင့် မျှော်လင့်ချက်တွေရှိပါတယ်။ ဒါဆို မျှော်လင့်ချက်တွေ ဘယ်အချိန်မှာ ဖြစ်တတ်သလဲ လေ့လာကြည့်ရအောင်။ 

  • အရင်တုံးက ဝယ်ယူသုံးစွဲဖူးထားတဲ့အခါ၊ နောက်တစ်ခါ ဒီ brand ကိုပဲ ဈေးပိုမြင့်တာကို ဝယ်သုံးတဲ့အခါ အရင်ထက် ပိုကောင်းမှာပဲ ဆိုပြီးမျှော်လင့်တတ်ကြပါတယ်။
  • နောက်တစ်ခုကတော့ review တွေ၊  feedback တွေကို ကြည့်ပြီး တော့ မျှော်လင့်ချက်တွေရှိတတ်ပါတယ်။ ရေးသွားသူတွေရဲ့ အမှတ်ပေးထားတဲ့ ration တွေကို ကြည့်ပြီး ငါလည်းဒီလိုမျိုးရမှာပဲဆိုပြီးတော့ မျှော်လင့်တတ်ကြပါတယ်။
  • Promotion တွေ ကြော်ငြာတွေကို ကြည့်ပြီးတော့လည်းမျှော်လင့်ချက်တွေ ဖြစ်တတ်ပါတယ်။ ဒီပစ္စည်းကို ဝယ်ယူသုံးစွဲလိုက်ရင် ကြော်ငြာထဲက အတိုင်း ပြန်ရမှာပဲဆိုပြီး မျှော်လင့်တတ်ကြပါတယ်။
  • ဈေးနှုန်းပေါ်မှာ မူတည်ပြီးတော့လည်းမျှော်လင့်ချက်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တစ်ခု သိထားရမှာက ဈေးနည်းတိုင်း ကောင်းတာမဟုတ်သလို ပေးရတဲ့ ဈေးနဲ့ ပြန်ရတဲ့ service က ထပ်တူကြနေသ၍ ဝယ်သူက ဈေးကြီးတယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။

ဒီလို expectation တွေနဲ့ ဝယ်ယူသုံးစွဲလိုက်လို့ရတဲ့ အတွေ့အကြုံက ထပ်တူကြပြီဆိုရင် စိတ်ကျေနပ်မှု satisfaction ကိုရစေပါတယ်။

 ဒါကြောင့် မားကတ်တင်းသမားတွေ၊ အရောင်း မန်နေဂျာတွေ အနေနဲ့က expectation ကိုရော experience ကိုရော သေချာ စီမံတတ်ဖို့လိုပါတယ်။

 မပေးနိုင်တဲ့ မျှော်လင့်ချက်တွေ ပေးထားမိလိုက်တဲ့အခါ အမှန်တကယ်ဝယ်ယူသုံးစွဲတော့မှ မျှော်လင့်ချက်အတိုင်း ဖြစ်မလာရင် complain တွေများပြီး brand image ကို ထိခိုက်စေပါတယ်။

 ဒါပေမယ့် မိမိပေးလိုက်တဲ့ information အရ မျှော်လင့်ချက်အများကြီး ရှိမနေရင်လည်း ဝယ်သူအနေနဲ့ ဒီကုန်ပစ္စည်းကို သုံးစွဲဖို့ကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝယ်သူတွေရဲ့ expectation ကို ထိန်းညှိတတ်ဖို့ လိုပါတယ်။

 နောက်ဆုံးအနေနဲ့ ဝယ်သူနဲ့ ရေရှည်ဆက်ဆံရေးတည်ဆောက်နိုင်ဖို့၊ စိတ်ကျေနပ်မှု ရဖို့ ဆိုရင်

  • မားကတ်တင်းပိုင်းကပဲဖြစ်ဖြစ်၊ အရောင်းပိုင်းက ပဲဖြစ်ဖြစ် ကြော်ငြာတွေ၊ promotion တွေ မှာ ဝယ်သူကို မှန်ကန်တဲ့ information ကိုပေးဖို့လိုပါတယ်။
  • မိမိပြောထားတာထက် အမြဲတန်းပိုပြီး ပေးနိုင်အောင် ကြိုးစားဖို့လိုပါတယ်။

 ဒါမှသာ ဝယ်သူဆီက ယုံကြည်မှုရမှာဖြစ်ပြီးတော့ မိမိကုန်ပစ္စည်းကို ရေရှည် ဝယ်ယူသုံးစွဲတာမျိုး၊ သူနဲ့ နီးစပ်ရာအသိုင်းအဝိုင်းက သူတွေကို  ဝယ်ယူသုံးစွဲဖို့လမ်းညွှန် တာမျိုးလုပ်ပေးမှာ ဖြစ်ပါတယ်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping