လက်တွေ့အသုံးချနိုင်မယ့် Marketing Plan တစ်ခု ဘယ်လိုရွေးဆွဲနိုင်မလဲ။
January 16, 2021 2021-01-16 14:53လက်တွေ့အသုံးချနိုင်မယ့် Marketing Plan တစ်ခု ဘယ်လိုရွေးဆွဲနိုင်မလဲ။
လက်တွေ့အသုံးချနိုင်မယ့် Marketing Plan တစ်ခု ဘယ်လိုရွေးဆွဲနိုင်မလဲ။
မားကက်တင်း မတတ်ရင် စီးပွားရေး လုပ်လို့မရဘူး။ နောက်တစ်ခုကတော့ မာကက်တင်းလို့ ပြောလိုက်ရင် ကြော်ငြာတွေ၊ Sales Promotions တွေလို့ တော်တော်များများက ထင်နေကြပါတယ်။
Management Guru ဖြစ်တဲ့ Dr Peter Drucker ကတော့
“စီးပွားရေးလုပ်ငန်းတွေမှာ အရေးပါတဲ့ လုပ်ငန်းစဥ်နှစ်ခုက မားကက်တင်း နဲ့ တီထွင်ဖန်တီးနိုင်မှုဘဲဖြစ်တယ်” လို့ ပြောပါတယ်။
မားကက်တင်း မဟာဗျူဟာချမှတ်နိုင်ဖို့အတွက်ဆိုရင် အပိုင်း (၅) ပိုင်း ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။
ပထမတစ်ပိုင်းက Strategy ချမှတ်တဲ့အပိုင်းဖြစ်ပါတယ်။
ဒီအပိုင်းမှာဆိုရင် သင်က မားကတ်တင်းနဲ့ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို နားလည်ထားရမယ့်အပြင် သင့်လုပ်ငန်းအတွက်ချမှတ်ရမယ့် Corporate strategy၊ Business strategy သဘောတရားတွေကို နားလည်ထားရမယ််။ ဒါမှဘဲ မှန်ကန်တဲ့ဗျူဟာ ချမှတ်နိုင်မှာပေါ့။
ဒုတိယတစ်ပိုင်းကတော့ ဈေးကွက်အနေအထားသုံးသပ်ချက်တွေလုပ်ရမှာဖြစ်ပါတယ်။
သင် ဘယ်ဈေးကွက်ကို ရွေးချယ်မလဲ။ ဈေးကွက်ရွေးချယ်တဲ့အခါမှာ ဘာတွေစဥ်းစားရမလဲ။ ဈေးကွက်ထဲမှာ ထင်သာမြင်သာ ဖြစ်နေအောင် တမူးထူးခြားနေအောင် ဘယ်လိုလုပ်နိုင်မလဲ။ သင့်ရဲ့ ပြိုင်ဘက်တွေနဲ့ ယှဥ်တဲ့အခါ အများနဲ့ကွဲထွက်နေအောင် ဘယ်လိုစဥ်းစားနိုင်ရမယ်။
တတိယတစ်ပိုင်းကတော့ ကိုယ်ထုတ်ကုန်/ရောင်းကုန်ပေါ်မှာ မူတည်ပြီးတော့ ကိုယ်ရောက်နေတဲ့ ဈေးကွက်ပေါ်မူတည်ပြီး မဟာဗျူဟာ ချမှတ်တာမျိုးဖြစ်ပါတယ်။
ထုတ်ကုန်အသစ်ဖြစ်နေရင် ဘယ်လိုဗျူဟာတွေသုံးနိုင်မလဲ။ တကယ်လို့ Growth ဖြစ်နေတဲ့ ဈေးကွက်ဖြစ်နေရင်ကော၊ ဒါမှမဟုတ် ဈေးကွက်ပျက်သလိုဖြစ်နေတဲ့ အနေအထားမှာဆိုရင် ဘယ်လိုနည်းလမ်းတွေသုံးနိုင်မလဲဆိုတာဘဲ ဖြစ်ပါတယ်။
နောက်တစ်ပိုင်းမှာတော့ Marketing program ရေးဆွဲတဲ့အပိုင်းဘဲ ဖြစ်ပါတယ်။
ဒီအပိုင်းမှာ ထုတ်ကုန်/ရောင်းကုန်အသစ်ဖန်တီးရမယ်။ ယှဥ်ပြိုင်နိုင်စွမ်းလဲရှိပြီးကိုယ့်အတွက်လဲ ရေရှည်၊ ရေတိုမှာ အကျိုးအမြတ်များများရစေမယ့် ဈေးနှုန်းသတ်မှတ်တဲ့နည်းလမ်းတွေသိရမယ်။
လူသိများလာအောင်လုပ်ဖို့နည်းလမ်းတွေအပြင်၊ ဖြန့်ဖြူးရောင်းချခြင်းအတွက် ဗျူဟာ ဆွဲနိုင်ရမှာဖြစ်ပါတယ်။ ဒါအပြင် ခေတ်နဲ့အညီ Digital Marketing Strategy ဘယ်ချမှတ်မလဲဆိုတာလဲ သိရမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ပိုင်းကတော့ အပေါ်မှာ ကိုယ်စီစဥ်ခဲ့တဲ့အရာတွေကို စနစ်တကျ လက်တွေ့လုပ်ဆောင်နိုင်ဖို့အတွက် Action Plan ရှိရမယ်။ ဈေးကွက် အပြောင်းအလဲတွေဖြစ်လာလဲ ဘယ်လို ရလာဒ်ကောင်းတွေရအောင် စီစဥ်လုပ်ဆောင်မလဲဆိုတာဘဲ ဖြစ်ပါတယ်။
တကယ်လို့ မိတ်ဆွေက ကိုယ်ပိုင်လုပ်ငန်းရှင်ဘဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက် ဒါမှမဟုတ် Sales & Marketing professional အနေနဲ့ အချိန် ၅ ပတ်ပေးပြီး လက်တွေ့အသုံးချ Marketing Plan တစ်ခု ဆွဲချင်တယ်ဆိုရင်တော့ Better Version က Practical Marketing Strategies အတန်းကို တက်ပါ။
ဒီသင်တန်းမှာ သင်ခန်းစာတွေချည်းဘဲ ထိုင်သင်နေရမှာမဟုတ်ဘဲ လက်တွေ့လုပ်ရင်း သင်ကြားသွားမှာ ဖြစ်တဲ့အတွက် သင်တန်းပြီးရင် သင့်လက်ထဲမှာ Marketing Plan တစ်ခုရှိသွားမှာ ဖြစ်ပါတယ်။
Better Version မှာတော့ သင်တန်းတက်ရောက်တဲ့ လူတွေထဲမှာ လုပ်ငန်းရှင်တွေ၊ Management Level ကလူတွေ ၆၀ % ကျော်ရှိတဲ့အတွက် Professional/business network လဲ ချဲ့သွားနိုင်တယ်။
နောက်တစ်ခုက Online Live class ဖြစ်တဲ့အတွက်ကြောင့် သင်တန်းဆရာနဲ့တိုက်ရိုက်မေးမြန်းနိုင်သေးတယ်။
သင်တန်းကို စိတ်ဝင်စားတယ်ဆိုရင် “PMS” လို့ မက်ဆေ့ပို့ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ်။