Blog

ဆက်ဆံရခက်ခဲတဲ့ လူတွေနဲ့ ညှိနှိုင်းရတဲ့အခါ

6
Negotiation

ဆက်ဆံရခက်ခဲတဲ့ လူတွေနဲ့ ညှိနှိုင်းရတဲ့အခါ

မိတ်ဆွေတို့ နေစဥ်ဘ၀မှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ တစ်ခါတစ်လေ အရောင်းအ၀ယ်လုပ်တဲ့အခါပဲ ဖြစ်ဖြစ်  ဆက်ဆံရခက်ခဲတဲ့ လူတွေနဲ့ ကြုံရတာမျိုး ရှိကောင်းရှိပါလိမ့်မယ်။ 

ဒီလိုဆက်ဆံရခက်တဲ့ လူတွေနဲ့ ညှိနှိုင်းမှုပြုလုပ်ရတာ အရမ်းကိုခက်ခဲသလို၊  မိတ်ဆွေတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲ့ဒီလိုဆက်ဆံရခက်ခဲတဲ့ လူတွေနဲ့ ကြုံတွေလာရင် ဘယ်လိုညှိနှိုင်းမှုတွေလုပ်မလဲ စဥ်းစားကြည့်ဖူးပါသလား? 

အကယ်လို့များမိတ်ဆွေတို့ ဆက်ဆံရခက်ခဲတဲ့ လူတွေနဲ့ များ မတော်တဆကြုံလာရရင် ဒီအခြေခံအချက်တွေလုပ်ကြည်ပါ။ ဒါတွေက နေ့စဥ် ညှိနှိုင်းမှုတွေလုပ်ရတဲ့ အခါမျိုးတွေမှာလည်း အသုံး၀င်ပါလိမ့်မယ်။ 

  • စိတ်အေးအေးထားပါ
  • စိတ်ကိုဖွင့်ပြီး နားထောင်ပါ
  • နားထောင်နေစဥ်မှာစိတ်ထဲကနေ မ၀ေဖန်ပါနဲ့
  • လေးစားမှုကို တစ်ဖက်လူစိတ်ထဲခံစားမိအောင်ပြပါ
  • သူတစ်ကယ်လိုအပ်နေတဲ့ လိုအပ်ချက်နဲ့ လိုအင်ကိုသိအောင်ကြိုးစားပါ 
  • ဒေါသနဲ့ ပြန်လည်တုံ့ပြန်ခြင်းမလုပ်ပါနဲ့။ 
  • ကိုယ်ဟန်အမူအယာနဲ့ လေသံအနေထားကို ပုံမှန်အတိုင်းဖြစ်အောင်ထိန်းသိမ်းပါ
  • အတင်းအကြပ် ပြန်မငြင်းပါနဲ့ 
  • အကောင်းမြင်ပေးပါ
  • ပြဿနာအတွက် အဖြေရှာပါ
  • ကျေးဇူးတင်ကြောင်းပြောပါ။ 

ညှိနှိုင်းရေးမှာ ပိုပြီးဆရာကျတဲ့ နည်းလမ်းတွေရှိတယ်ဆိုပေမယ့်လည်း  ဒီအခြေခံအချက်တွေကိုသာ လိုက်နာပြီးလုပ်ကြည့်မယ်ဆိုရင် မိတ်ဆွေတို့ အနေနဲ့ ဘယ်လောက်ပဲ ဆက်ဆံရခက်ခဲတဲ့ လူတွေနဲ့ ပဲတွေ့ပါစေ၊ အကျိုးရှိတဲ့ ညှိနှိုင်းမှုတွေ လုပ်နိုင်ပြီး ဆက်ဆံရေးလည်းပိုပြီး ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ 

မိတ်ဆွေတို့ရော ဆက်ဆံရခက်ခဲတဲ့ လူတွေနဲ့ ကြုံလာရင် ညှိနှိုင်းမှုတွေ ဘယ်လိုလုပ်လဲ ကွန့်မန့်မှာ ရေးခဲ့ပြီး အတွေ့အကြုံတွေဖလှယ်ခဲ့ကြပါဦး။ 

#BetterVersion 

#MakeYourProgress 

#Negotiation 

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping