Blog

ကိုယ့်အရောင်းအဖွဲ့ရဲ့ Sales Performance မြင့်တက်လာစေဖို့

Sales
Leadership / Sales

ကိုယ့်အရောင်းအဖွဲ့ရဲ့ Sales Performance မြင့်တက်လာစေဖို့

ရောင်းအားတက်ဖို့လို့ ပြောရင် လူတိုင်းစိတ်၀င်စားပါတယ်။ မန်နေဂျာတွေ၊ အရောင်း Leader တွေကလည်း ရောင်းအားတက်ဖို့ ကြိုးစားနေကြတာချည်းပါပဲ။ ဒါပေမယ့် ရောင်းအားတက်ဖို့ဆိုရင် ကိုယ့်အရောင်းအဖွဲ့ရဲ့ လုပ်နိုင်စွမ်း၊ရောင်းနိုင်စွမ်းတွေတက်လာဖို့ကလည်း အဓိကကျပါတယ်။ ကိုယ့်လူတွေများများရောင်းနိုင်မှ ကိုယ့်ကုမ္ပဏီရောင်းအားတက်လာမှာလေ။
အဲ့ဒါကြောင့် ကိုယ့်အရောင်းအဖွဲ့ရဲ့ လုပ်နိုင်စွမ်း၊ရောင်းနိုင်စွမ်းအား Performance ကိုဘယ်လို မြင့်တက်လာအောင် မန်နေဂျာ တစ်ယောက်၊ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘယ်လိုအထောက်ပံ့ပေးလို့ရမလဲ ဆိုတာ စဥ်းစားကြည့်ရအောင်…
၁) မှန်ကန်တဲ့ ဦးတည်ချက်နဲ့ လမ်းကြောင်း
ကျွန်တော်အမြင်တော့
ကျွန်တော်တို့ဟာ မြန်မြန်ပြေးနိုင်လား၊ ဝေးဝေးပြေးနိုင်လားဆိုတာထက် လမ်းကြောင်းအမှန်ပေါ် ရောက်နေလားဆိုတာ ပိုအရေးကြီးပါတယ်။
လမ်းကြောင်းမှားနေတယ်၊ ဦးတည်ချက်မှားနေတယ်ဆိုရင် မြန်မြန် ပြေးတာဖြစ်ဖြစ်၊ ဝေးဝေးပြေးတာဖြစ်ဖြစ် လုပ်သမျှက အလကားပါပဲ။ အချိန်ကုန် လူပင်ပန်းတာပဲ အဖတ်တင်ပြီး ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်နဲ့ ဝေးနေဦးမှာပဲ။ အဲ့ဒါကြောင့် ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့် အဖွဲ့တွေရော မှန်ကန်တဲ့ ဦးတည်ချက်နဲ့ လမ်းကြောင်းသေချာရွေးပေးပါ။ အဲဒါမှပဲ ကိုယ့်အရောင်းအဖွဲ့ဟာ မှန်ကန်တဲ့ ရောင်းနိုင်စွမ်း perfomance တွေ မြင့်တက်လာမှာပါ။
၂) ကိုယ့်အရောင်းအဖွဲ့၊ ကိုယ့်ကုမ္ပဏီ နဲ့ကိုက်ညီတဲ့သူသာရွေးပါ
ဆရာရယ် လူရှာရခက်တယ်၊ အရင်ခန့်လိုက်မယ် ပြီးမှသင်ပေးမယ်ဆိုတာမျိုး ကျွန်တော်ခဏခဏ ကြားရပါတယ်။မမှန်ဘူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူမှန်၊ နေရာမှန်ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ တစ်ခါတစ်လေ ကိုယ့်ရွေးလိုက်တဲ့သူဟာ တော်တဲ့ဖြစ်ပေမယ် ကိုယ့် အရောင်းအဖွဲ့၊ ကိုယ့်ကုမ္ပဏီ ယဥ်ကျေးမှု၊ အလေ့အကျင့်နဲ့ မကိုက်ညီရင် သူ့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ ကိုယ့် အဖွဲ့အတွက်လည်း အကျိုးမရှိတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်အဖွဲ့၊ ကိုယ့်ကုမ္ပဏီ ယဥ်ကျေးမှုနဲ့ ကိုက်ညီတယ်တယ်ဆိုရင် အရောင်းအဖွဲ့မှာချက်ကျလက်ကျလုပ်ကိုင်ရင်း တစ်ဖွဲ့လုံးရဲ့ Sales Performance တွေတက်လာမှာပါ။
၃) သင်ပေးပါ။ အသေးစိတ်လုပ်ပြီး မစီမံပေးပါနဲ့
ကျွန်တော်တို့ဟာ ခေါင်းဆောင်တွေပါ၊ အသေးစိတ်လိုက်ပြီးစီမံ၊လိုက်လုပ်ပေးရတဲ့ ကလေးထိန်း မဟုတ်ပါဘူး။ တစ်ချို့အရာတွေကို စနစ်တကျသင်ပေးလိုက်ပြီး သူ့ဘာသာရပ်တည်ခွင့်၊ လုပ်ပိုင်ခွင့်၊ မှားခွင့်၊ အောင်မြင်ခွင့်ပေးလိုက်ပါ။ ဒါပေမယ့် ဒီနေရာမှာ သတိထားရမှာတစ်ခုက မသင်ပေးနိုင်ရန်တောင် အကြံ၊လမ်းညွှန်မှု၊ အနည်းဆုံး သူဒါကိုဘာကြောင့်လုပ်ရတာလဲဆိုတဲ့ concept တော့ပေးဖို့လိုပါတယ်။ အဲ့ဒါမှာ သူလည်း ရှင်းရှင်းလင်းလင်း သိပြီး သူဘာလုပ်ရမလဲဆိုတာ နားလည်မှာပါ။ ဒီလိုမျိုး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ လုပ်ကိုင်နေတဲ့ အရောင်းသမားတွေက performance တကယ်ကောင်းတယ်၊ အဖွဲ့သားတွေကိုလည်း ကူညီပေးတတ်တဲ့ လူတွေအဖြစ် ပတ်၀န်းကျင်မှာ မြင်တွေ့ရတာများပါတယ်။ နောက်ပြီး ပိုကောင်းတာတစ်ခုက ကိုယ့်အချိန်ကိုလည်း ပိုကောင်းတဲ့ မဟာဗျူဟာချတဲ့ နေရာမျိုးမှာပိုသုံးလို့ရပါတယ်။ အဲ့တော့ ကိုယ့်ကိုတိုင်ရော ကိုယ့်အဖွဲ့ ရော တက်ညီလက်ညီနဲ့ စနစ်တကျအောင်မြင်လာတာမျိုးပေါ့။
၄) တစ်ဦးချင်းစီ ကိုယ်ပိုင် အရောင်း Target၊ Goals တွေ သတ်မှတ်ပေးပါ
ဒီလိုမျိုး တစ်ယောက်ချင်းစီ ကိုယ်ပိုင်းအရောင်း Target လေးတွေသတ်မှတ်ပေးမယ်ဆိုရင် ကိုယ့်အရောင်းသမားတွေအနေနဲ့ကလည်း ငါတို့ ဒီလတော့ ဘယ်လောက်ဖိုးရောင်းရမလဲ၊ ဘယ်လောက်တော့ ရောင်းပြီးပြီ၊ ဘယ်လောက်ဆက်ရောင်းဖို့လိုသေးတယ်၊ ဘယ်လိုရောင်းမလဲဆိုတာ သူတို့ဘာသာ စီမံတတ်လာပါလိမ့်မယ်။ ကိုယ်တိုင်လည်း ငါအဖွဲ့အနေနဲ့ ဒီလ ဘာလောက်ဖိုးရောင်းရတယ်၊ ဘယ်လောက်ရာခိုင်နှုန်း ရောင်းအားတက်လာတယ် စတာမျိုးကို သေသေချာချာစီမံလို့ရတယ်ပေါ့။ တစ်ယောက်ချင်းဆီရဲ့ ကောင်းတဲ့ sales performance ကနေပြီး တစ်ဖွဲ့လုံးရဲ့ ကောင်းတဲ့ Sales performance ဖြစ်လာတာပေါ့။
၅) အခြေနေကို အကဲခတ်ပါ
ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ သင့်တော်တဲ့ Target တွေ၊ Goals၊ မဟာဗျူဟာ တွေချထားပြီး လုပ်ကိုင်နေတဲ့ အချိန်အတွင်းမှာ အခြေနေကို မျက်ခြေမပျက် အကဲခတ်နေဖို့လိုပါတယ်။ ကိုယ်ထင်ထားတဲ့ အတိုင်း၊ ကိုယ့်မှန်းထားသလို ဖြစ်တဲ့အခါမျိုးလည်းရှိသလို၊ မထင်မှတ်ထားတဲ့ အခြေနေမျိုးလည်း ကြုံလာရနိုင်ပါတယ်။ အဲ့လိုကြုံလာခဲ့ရင် အဲ့အခြေနေနဲ့ကိုက်တဲ့ မဟာဗျူဟာကိုမြန်မြန်နဲ့ မှန်မှန်ပြန်ပြီး ပြောင်းနိုင်ဖို့လိုပါတယ်။ အဲ့ဒါမှ အချိန်တန်တဲ့အခါ ကိုယ်လိုချင်တဲ့ ရလာဒ်ကို ရောက်မှာပါ။
၆) ရလာဒ်တွေကို သုံးသပ်ပါ
ရလာဒ်မကောင်းရင် ဘာဖြစ်လို့များပါလိမ့် ဆိုပြီး သုံးသပ်ကြပေမယ် ရလာဒ်ကောင်းနေရင်တော့ သုံးသပ်ဖို့ ကို တစ်ခါတစ်ရံမေ့နေတတ်ကြပါတယ်။ အဲ့လိုမဟုတ်ပါဘူး။ ရလာဒ်ကောင်းရင်းလည်း သုံးသပ်ဖို့လိုပါတယ်။ ငါတို့ဘာကြောင့် ဒီလိုရလာဒ်ကောင်းတာလဲ၊ ဘာတွေမှန်ကန်လဲ၊ ဘာတွေအလုပ်ဖြစ်လဲ ဆိုတာမျိုးပေါ့။ အဲ့ဒါမှပဲ ငါတို့ နောက်လတွေမှာဘာပိုကောင်းအောင်လုပ်မလဲဆိုတာ စဥ်းစားနိုင်မှာပါ။ ပိုကောင်းတာစဥ်းစားရင်းနဲ့ ပိုကောင်းတဲ့ ရလာဒ်တွေရလာတော့ ကိုယ့်အဖွဲ့ ရဲ့ Sales performance လည်းကောင်းလာတာပေါ့ဗျာ။
၇) Automation သုံးပါ
မန်နေဂျာ တစ်ယောက်အနေနဲ့၊ လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ကိုယ့်အရောင်းသမားတွေကို ပိုပြီးရောင်းအားတက်စေချင်တယ်ဆိုရင် သူတို့ လုပ်နေတာ အလုပ်၀န်တွေကို လျော့ပေးနိုင်အောင်လုပ်ပေးရပါတယ်။ အဲ့ဒါမှ သူတို့က ကိုယ့်ဖောက်သည်၊ ၀ယ်သူတွေကို အာရုံပိုစိုက်နိုင်မှာပေါ့။ ဥပမာပေးရရင် Newsletters ပို့တာမျိုးကို ၀န်ထမ်းကိုခိုင်းမနေပဲ email softwareလိုဟာမျိုးတွေ၊ CRM Software လိုမျိုးတွေ သုံးမယ်ဆိုရင် ၀န်ထမ်းတွေလည်း ရုံးအလုပ်တွေအတွက် အရမ်းအာရုံစိုက်စရာမလိုပဲ အရောင်းကိုပဲ အာရုံစိုက်နိုင်တော့ ပိုပြီးရောင်းအားတက်တာပေါ့။
ကဲ့… ကိုယ့်အဖွဲ့တွေကို တကယ်ပဲ Sales Performance၊ ရောင်းအားတက်လာစေချင်တယ်ဆိုရင် ဒါလေးတွေ လုပ်ကြပါ။ အကျိုးထူးပါလိမ့်မယ်။
ဒါနဲ့ Sales Performance တက်လာဖို့အတွက် မှန်ကန်တဲ့မဟာဗျူဟာချချင်တဲ့ မန်နေဂျာတွေ၊လုပ်ငန်းရှင် တွေအတွက်လည်း Better Sales Strategist အတန်းရှိပါတယ်။
စိတ်၀င်စားရင် မက်ဆေ့ကနေရော ၀၉၄၂၄၆၃၈၃၈၀ ကိုဆက်သွယ်ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။
#BetterVersion #BetterSalesman  
#BetterSalesStrategist #BetterSalesLeader #BetterSalesMastery

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping