Blog

ကိုယ့်အရောင်းအဖွဲ့ရဲ့ အောင်မြင်မှုကိုဘယ်လိုတိုင်းမလဲ?

Sales

ကိုယ့်အရောင်းအဖွဲ့ရဲ့ အောင်မြင်မှုကိုဘယ်လိုတိုင်းမလဲ?

ကျွန်တော်တို့တွေက ကိုယ့်လုပ်ငန်းအတွက် အရောင်းတွေတက်ဖို့ Strategy တွေ၊ Plan တွေချပြီး လုပ်တယ်။ လူတွေခန့်တယ်။ ကြော်ငြာ စရိတ်တွေသုံးတယ်၊ အရောင်းသမားတွေကို motivate ဖြစ်အောင်လုပ်တယ်။ ဟုတ်ပြီ ဒါဆို အောင်မြင်ပြီလား။ ဆိုတော့ အောင်မြင်မှုကိုဘာနဲ့၊ ဘယ်လိုတိုင်းမလဲပေါ့။

ဒီနေရာမှာတော့ ကျွန်တော်က ကိုယ့်အရောင်းအဖွဲ့ရဲ့ အောင်မြင်မှုကိုဘယ်လို တိုင်းသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီးဆွေးနွေး ပေးသွားချင်ပါတယ်။

Customer satisfaction score

၀ယ်သူဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မှု
အရောင်းသမားတွေအနေနဲ့ ၀ယ်သူဖောက်သည်တွေအပေါ်မှာ ဘယ်လို၀န်ဆောင်မှုပေးနေလဲ၊ ဘယ်လိုအကြံ ဥာဏ်တွေ ပေးနေလဲ၊ ၀ယ်သူတွေဆီက ယုံကြည်မှုကိုတည်ဆောက်နိုင်ရဲ့လား၊ ၀ယ်သူတွေဆီက complain တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲ ဆိုတာကိုလေ့လာသုံးသပ်ပြီး ကိုယ့်အရောင်းအဖွဲ့ရဲ့ customer satisfaction score ကိုတိုင်းတာနိုင်ပါတယ်။

Opportunity win rate

အရောင်းအဖွဲ့ရဲ့ ရောင်းနိုင်စွမ်းကိုတိုင်းတဲ့နေရာမှာ ကိုယ့် အဖွဲ့ကအရောင်းသမားတွေအနေနဲ့ sale call ဘယ်နှစ်ခု၊ customer ဘယ်နှစ်ယောက်ဆီကို သတ်မှတ်ထားတဲ့ ကာလတစ်ခုအတွင်း သွားရောင်းခဲ့သလဲ။ အဲ့ ဒီထဲမှာ ဘယ်နှစ်ယောက်ကို တကယ် ရောင်းနိုင်ခဲ့သလဲ။ sale call သွားတိုင်း အရောင်းရနေတာမှ မဟုတ်တာပဲ။ customer အသစ်ဘယ်နှယောက် ရောင်းနိုင်ခဲ့ပြီး အရင် ရှိပြီးသား customer ဘယ်နှယောက်ကို ရောင်းနိုင်ခဲ့သလဲ။ conversion rate ပေါ့ဗျာ။ ဒါတွေရဲ့ အချိုးတွေကိုတွက်ပြီး ကိုယ့်အရောင်းသမားတွေ အလုပ်တကယ်ပဲလုပ်နေကြသလား၊ ဘယ်လောက်ထိ ကြိုးစားနေကြသလဲ၊ အောင်မြင်နေကြလား၊ လိုအပ်ချက်တွေရှိနေသလားဆိုတာတွေကို တိုင်းတာနိုင်ပါတယ်။

Sales Cost to Profit Generate Ratio

ဒီနေရာမှာတော့ ကိုယ့်အရောင်းအဖွဲ့အနေနဲ့ အများကြီးတော့ ရောင်းနေရတယ်။ အလုပ်တွေလည်း အချိန်တိုင်းများနေတယ်။ ဒါပေမယ့် ကိုယ့်လုပ်ငန်းရဲ့ Profit ကို ကြည့်တဲ့အခါကြတော့ ထင်သလောက်လည်း တက်မလာဘူး။ အသုံးစရိတ်ကများနေတယ်။ ဒါဆိုရင် အရောင်းအဖွဲကိုကြည့်မယ် သူတို့ အနေနဲ့ sale call တစ်ခု ဒါမှ မဟုတ် customer တစ်ယောက်ကို အရောင်းပိတ်ဖို့ အချိန်ဘယ်လောက်ယူကြသလဲ။ ဈေးနဲ့ ပတ်သက်ပြီး ကိုယ်က အရောင်းသမားတွေ ရောင်းရတာအဆင်ပြေစေဖို့ ဈေးနှုန်းကို adjust လုပ်ခွင့် ပေးထားတဲ့ အခါမျိုးဆို သူတို့ အရောင်းဖြစ်ဖို့ အဓိကထားပြီး အမြတ်ကို ဘယ်လောက် ရာခိုင်နှုန်းနဲ့ ‌ရောင်းနေကြသလဲ စဉ်းစားဖို့လိုပါပြီ။ အရောင်းရရဲ့သားနဲ့ Profit တက်မလာတာက အသုံးစရိတ်များနေတာဖြစ်တဲ့အတွက် အောင်မြင်တဲ့ လုပ်ငန်းဖြစ်ဖို့ ကျွန်တော်တို့က Profit ကိုလည်း တွက်ဖို့လိုပါတယ်။ ဒါကိုတွက်ပြီးကျွန်တော်တို့က ကိုယ့်အရောင်းအဖွဲ့အတွက် အချိန်တိုအတွင်းအရောင်းပိတ်နိုင်ဖို့ဘာတွေလုပ်ပေးသင့်သလဲ၊ training ပေးဖို့လိုနေပြီလား၊ အသုံးစရိတ်ကို လျှော့ချနိုင်ဖို့ သူတို့ကို ဘယ်အချက်တွေ ပံ့ပိုးဖို့လိုနေပြီလဲ စဉ်းစားဖို့လိုလာပါပြီ။

Sales cycle length

ကိုယ့်အရောင်းအဖွဲ့ရဲ့ အောင်မြင်မှုကိုစဉ်းစားတဲ့ အခါမှာနောက်တစ်ခုထည့် စဉ်းစားသင့်တဲ့ အချက်ကတော့ အချိန်တိုအတွင်းအောင်အောင်မြင်မြင်အရောင်းပိတ်နိုင်ရဲ့လား၊ sales cycle length ပဲဖြစ်ပါတယ်။ အရောင်းမြန်မြန်အချိန်တိုအတွင်းပိတ်နိုင်မှ ကျွန်တော်တို့က အချိန်ကုန်သက်သာမယ်၊ customer အသစ်တွေကိုပိုအချိန်ပေးနိုင်မယ်၊ အခြားလိုအပ်တဲ့ အရာတွေကို ပိုအချိန်ပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ့် အရောင်းအဖွဲ့အနေနဲ့ Revenue ကတော့ များနေပါရဲ့ customer တစ်ယောက်နဲ့ ပဲ အချိန်အများကြီးကုန်နေမယ်ဆိုရင်သူ့တို့ရဲ့ productivity ကကောင်းနေတယ်လို့ မဆိုနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်အရောင်းအဖွဲ့အနေနဲ့ ၀ယ်သူဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ၀ယ်သူတွေရဲ့ လိုအပ်ချက်၊လိုအင်ကို အချိန်တိုအတွင်းသိအောင်လုပ်နိုင်ရဲ့ လား ၊ ငြင်းပယ်ခြင်းတွေကို အကောင်းဆုံးကျော်ဖြတ် နိုင်ရဲ့လား၊ အချိန်တိုအတွင်းရော အရောင်းပိတ်နိုင်ရဲ့ လား ဆိုတဲ့ အချက် တွေ နဲ့ အရောင်းအဖွဲ့ရဲ့ အောင်မြင်မှုကို တိုင်းတာနိုင်ပါမယ်။

ဒါတွေကတော့ ကိုယ့်လုပ်ငန်းမှာ အရောင်းတက်ချင်တဲ့ မန်နေဂျာတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်အရောင်းအဖွဲ့ ရဲ့ အောင်မြင်မှုကို သိချင်တဲ့အခါ ထည့်သွင်းစဥ်းစားသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ကိုယ့်အရောင်းအဖွဲ့ရောင်းအားတက်ဖို့ Training ပေးချင်တယ်ဆိုရင်တော့ Better Version ကဖွင့်တဲ့ Better Sales Mastery Series ရှိပါတယ်။

သင်တန်းအပ်ရန် မက်ဆေ့ သို့မဟုတ် ဖုန်း ၀၉၄၂၄၆၃၈၃၈ ၊ ၀၉၄၅၀၄၉၃၉၄၈ ၊ ၀၉၆၈၆၀၅၇၆၇၉ သို့ဆက်သွယ်နိုင်ပါတယ်။

#MeasuringSalesPerformance
#BetterSalesman
#BetterSalesStrategist

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping